Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံ၊ SAT JAPAN Road Service Co., Ltd. နှင့် Myanmar Organization for Road Safetyတို့ ပူးပေါင်းကာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေး ရက်သတ္တပတ် လှုပ်ရှားမှု အစီအစဉ်ကျင်းပ [ သောကြာနေ့ ၊ နိုဝင်ဘာလ ၁၁ရက်၊ ၂၀၁၆ခုနှစ် ]

Myanmar Organization for Road Safety မှ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေး ရက်သတ္တပတ် လှုပ်ရှားမှုကို ၁၁.၁၁.၂၀၁၆ မှ ၁၈.၁၁.၂၀၁၆ ထိ ရန်ကုန်မြို့ရှိ အဓိကလမ်းဆုံကြီးများတွင် ပြုလုပ်လျက်ရှိရာ ဧရာမြန်မာအာမခံမှ ပညာပေးစာစောင်များ ဝေငှခြင်း၊လက်ဆောင်များဝေငှခြင်း တို့ဖြင့် ပူးပေါင်းပါဝင်ခဲ့ပါသည်။ ဧရာမြန်မာအာမခံသည် မြို့တွင်းမြို့ပြင် သွားလာနေကြသော ယာဉ်မောင်းများ၊ ခရီးသွားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အသိပညာပေးခြင်း အစီအစဉ်များတွင် အစဉ်အမြဲ ပူးပေါင်းပါဝင် လျက်ရှိပါသည်။