ဧရာမြန်မာအာမခံနှင့် မြောက်ပိုင်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ တို့ပူးပေါင်းကာ ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့ နံနက် (၇) နာရီမှ စတင်၍ အောင်မင်္ဂလာအဝေးပြေးဝင်းဂိတ်အမှတ် (၁) တွင် မော်တော်ယာဉ် ခါးပတ် ပတ်ရေးနှိုးဆော်ချက်အစီအစဉ်ကို ကျင်းပခဲ့သည်။ ဧရာမြန်မာအာမခံမှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များမှ သွားလာနေကြသော ယာဉ်မောင်းများ၊ ခရီးသည်များသာမက လမ်းသွားလမ်းလာများကိုပါ မော်တော်ယာဉ်များတွင် ပညာပေးစတစ်ကာများ ကပ်ပေးခြင်းတို့ကို Wear Seat Belt Campaign စာသားပါ ရှပ်အင်္ကျီများ ဆင်တူဝတ်ကာ တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီးပူပေါင်းပါဝင်ကြသူများအား T-Shirt များကို မေတ္တာ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။ မော်တော်ယာဉ်ခါးပတ် ပတ်ရေးနှိုဆော်ချက် ပညာပေးအစီအစဉ် ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လမ်းပေါ်တွင် သွားလာနေကြသော မော်တော်ယာဉ်များသာမက လမ်းသွား လမ်းလာများကိုပါခါးပတ် ပတ်ခြင်းအကျိုး ကျေးဇူးကိုသိရှိပြီး ယာဉ်မတော်တဆ မှုများကို လျှော့ချနိုင် ရန်ဖြစ်ပါသည်။ ဧရာမြန်မာအာမခံမှ နိုဝင်ဘာလ ဒုတိယပတ် နှင့် တတိယအပတ် တွင် နေ့လည် ၃ နာရီ မှ ညနေ ၅ နာရီအထိ နှင့် နောက်ပိုင်းတွင် လေဆိပ်ကဲ့သို့ အများပြည်သူများ သွားလာမှုများသည့် နေရာများတွင် ပညာပေးအစီအစဉ်ကို ဆက်လက်ပြုလုပ်သွားရန် ရှိပါသည်။