Premium Calculator

MAX Myanmar Group of Companies နှင့် AYA Financial Group (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် [၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက်၊ စနေနေ့]

MAX Myanmar Group of Companies နှင့် AYA Financial Group တို့၏ (၂၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၁၂ရက် နံနက်ပိုင်းတွင် မှော်ဘီမြို့ အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္နရာမကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပါသည်။ စုပေါင်းမဟာဘုံကထိန်တွင် ဥက္ကဌကြီးမိသားစု၏ မတည်ငွေနှင့် ဝန်ထမ်းများအားလုံး ပါဝင်လှူဒါန်းကြသော ပဒေသာပင် စုစုပေါင်း ၇၅ ပင် (တန်ဖိုးငွေကျပ် ၅၈၇သိန်းခွဲ)၊ ဥက္ကဌကြီး ဦးဇော်ဇော် နှင့် ဒေါ်ဌေးဌေးခိုင် မိသားစုမှ ဗုဒ္ဓတက္ကသိုလ်ကျောင်းဆောင်ဆောက်လုပ်မှုအတွက်လှူဒါန်းငွေကျပ်သိန်းနှစ်ရာ အပါအဝင် လှူဒါန်းမှုတန်ဖိုး စုစုပေါင်းကျပ် (၈၆၇)သိန်းကျော် လှူဒါန်းခဲ့ပါသည်။ စုပေါင်း မဟာဘုံကထိန်ပွဲတွင် ဥက္ကဌကြီး မိသားစုနှင့် ဝန်ထမ်းမိသားစု များမှ ပါဝင်ကုသိုလ် ယူဆင်နွှဲ့ခဲ့ကြပါသည်။

Visit Us On Google Plus
Visit Us On Youtube
Visit Us On Facebook
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore