Premium Calculator
Urgent Notice to Our Customer

AYA Financial Group ဥက္ကဋ္ဌဦးဇော်ဇော် နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Sompo Japan Nipponkoa Insurance Inc. ရုံးချုပ်သို့ သွားရောက်လေ့လာခြင်း [ အင်္ဂါနေ့ ၊ နိုဝင်ဘာလ ၂၉ရက်၊ ၂၀၁၆ခုနှစ် ]

ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ရောက်ရှိနေသော AYA Financial Group ဥက္ကဋ္ဌဦးဇော်ဇော်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ သည် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၉နာရီတွင် ဂျပန်နိုင်ငံအခြေစိုက် Sompo Japan Nipponkoa Insurance Inc. ရုံးချုပ်တွင် ဗဟာဗျူဟာပေါင်းစည်းမှုအတွက် သွားရောက်ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေး ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ အာမခံနှင့်ပတ်သက်သည့်အသိ ပညာ ပိုမိုတိုးပွားစေရန်ဆောင်ရွက်ချက်များ၊ ဈေးကွက်တွင်လိုအပ်သည့် အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေး နိုင်ရန် လုပ်ဆောင်ချက်များ စသည်တို့အား ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုများအပြီးတွင် Sompo Japan Nipponkoa Insurance Inc မှ Managinf Executive Officer မှ ဥက္ကဋ္ဌဦးဇော်ဇော်နှင့် အဖွဲ့အား Sompo ၏ ပန်းချီပြခန်းအားလှည့်လည်ပြသခဲ့ပါသည်။ ထိုပန်းချီပြခန်းတွင် ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ဖြစ်သော Vincent Van Gogh ၏ “Sunflowers” ပန်းချီကားအား လည်းပြသ ထားပါသည်။ ထို့နောက် Sompo Japan ၏ Corporate Social Responsibility လုပ်ငန်းစဉ်များကို လည်း ဆက်လက်ရှင်းပြခဲ့ပြီး အမှတ်တရလက်ဆောင်များ ဖလှယ်ခဲ့ကြပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore