Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံ၏ နေပြည်တော်ရုံးခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ[ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်]

ဧရာမြန်မာ အာမခံကုမ္ပဏီ၏ ရုံးခွဲဖြစ်သော ဧရာမြန်မာအာမခံ နေပြည်တော် ရုံးခွဲဖွင့်ပွဲကို (၂၃.၂.၂၀၁၇) ဇဗ္မူသီရိ မြို့နယ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်း၊ အာမခံကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာဒေါ်စန္ဒာဦး၊ ဧရာမြန်မာအာမခံမှ ဒုဥက္ကဌ ဦးသန်းဇော် နှင့် မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမင်းသူ တို့မှ အောင်မြင်စွာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ချုပ် ဦးအောင်ကျော်သန်း၊ နေပြည်တော် စည်ပင်ဘဏ် အမှုဆောင်အရာရှိချုပ် ဦးခင်လတ်တို့မှလည်း ကြွရောက်ချီးမြှင့်ခဲ့ပါသည်။ ထို့အပြင် အာမခံဝန်ဆောင်မှုများကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း မိတ်ဟောင်းမိတ်သစ် မိဘပြည်သူများအား သတင်းကောင်းပါးအပ်ပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore