Premium Calculator

ဧရာမြန်မာအာမခံမှ Asian Banking and Finance က ချီးမြှင့်သော “Digital Insurance Initiative – Myanmar 2017” ဆုလက်ခံရရှိ[ကြာသပတေးနေ့၊ ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်]

Asian Banking and Finance မှ  ချီးမြှင့်သော “Digital Insurance Initiative – Myanmar 2017” ဆုကို ဧရာမြန်မာအာမခံ (AMI) ကုမ္ပဏီလီမိတက်မှ ဒေသတွင်းရှိ ပုဂ္ဂလိကအာမခံကုမ္ပဏီများအနက်မှ ပထမဦးဆုံးအနေဖြင့် လက်ခံရရှိခဲ့ပါသည်။ စင်ကာပူနိုင်ငံ၊ Shangri –La ဟိုတယ်၌ ဇူလိုင်လ (၁၃)ရက်နေ့တွင် ကျင်းပခဲ့သည့် Asian Banking and Finance 2017 ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် “Digital Insurance Initiative – Myanmar 2017”ဆုကို ဧရာမြန်မာအာမခံ (AMI) ကုမ္ပဏီလီမိတက် Management Team မှ ဂုဏ်ယူစွာဖြင့်လက်ခံရယူခဲ့ပါသည်။

ဧရာမြန်မာအာမခံအား“Digital Insurance Initiative – Myanmar 2017”ဆုပေးအပ်ချီးမြှင့်ရခြင်းနှင့် စပ်လျဉ်း၍ Asian Banking and Finance မှ ဖော်ပြရာတွင် “အလားအလာကောင်းမွန်မှုများနှင့် ပြည့်စုံ၍ ဆုတံဆိပ်ရွေးချယ်ရာတွင် ပဏာမအမည်စာရင်းတင်သွင်းခဲ့ပြီး စီစစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဒီဂျစ်တယ်အခြေပြုအာမခံလုပ်ငန်းဆောင်ရွက်မှုစနစ်နှင့်သက်ဆိုင်သော နည်းပညာပေါ်လစီကိုအသုံးပြုခြင်းဖြင့် မိတ်ဆွေများအတွက်၊ ဧရာမြန်မာအာမခံကုမ္ပဏီအတွက်၊ နိုင်ငံနှင့်သက်ဆိုင်သော အာမခံလောကတစ်ခုလုံး အတွက် အကျိုးကျေးဇူးများပေးစွမ်းနိုင်မှာဖြစ်ကြောင်း၊ ထိုကဲ့သို့ ပြောင်းလဲခြင်းဖြင့် ဧရာမြန်မာအာမခံ၏ ယုံကြည်စိတ်ချရသော မိတ်ဆွေများအဆင်ပြေစေနိုင်မှု၊ ကောင်းမွန်ထိရောက်သော လုပ်ငန်းဆောင်ရွက်မှုစနစ်နှင့် ကျရောက်မည့် အန္တရာယ်များကို စီမံခန့်ခွဲသည့်လုပ်ငန်းစဉ်များကို ကာကွယ်ဖြေရှင်းရန်အတွက် အထောက်အကူ ကောင်းတစ်ခုအဖြစ် ရရှိလာနိုင်ခြင်း စသည်တို့ကြောင့် ယခုလို ချီးမြှင့်ခံရခြင်း ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ဒီဂျစ်တယ်အခြေပြုနည်းပညာပေါ်လစီစနစ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းစဉ်အား စိစစ်အကဲဖြတ်သုံးသပ်ခြင်း များကိုနိုင်ငံတကာအဆင့်မီ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် Deloitte, Milliman, Ernst & Young and KPMG Singapore အစရှိသော အဖွဲ့အစည်းအသီးသီးရှိ သက်ဆိုင်ရာ ပညာရှင်များမှ လုပ်ငန်းစဉ်တစ်ခုလုံးအား အကဲဖြတ်ဆောင်ရွက်သွားခဲ့ခြင်းဖြစ်ပါသည်။

Asian Banking and Finance အဖွဲ့အစည်းသည် အာရှဒေသအတွင်းရှိ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ အာမခံဆိုင်ရာလုပ်ငန်းများနှင့် ဒေသတွင်းကုမ္ပဏီများအနေဖြင့် ဦးဆောင်လုပ်ကိုင်ရင်း စျေးကွက်အတွင်း အခွင့်အလမ်းများပိုမိုရရှိ၍ ဖွံ့ဖြိုးတိုးတက်လာရန်၊ ယှဉ်ပြိုင်မှုစွမ်းအားများပိုမိုပေါ်ထွက်လာရန် ရည်ရွယ်၍ နှစ်စဉ်ဒေသတွင်းရှိသော ကုမ္ပဏီများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသောအားဖြင့် နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက် အကောင်းဆုံးဆုများ ရွေးချယ်ပေးအပ်သည့် အဖွဲ့အစည်းဖြစ်သည်။

Visit Us On Google Plus
Visit Us On Youtube
Visit Us On Facebook
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore