Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံကုမ္ပဏီ၏(၄)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ညစာစားပွဲ [စနေနေ့ ၊ ဇူလိုင်လ ၂၉ ရက်၊ ၂၀၁၇ခုနှစ်]

ဧရာမြန်မာအာမခံကုမ္ပဏီ၏(၄)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို (၂၉.၀၇.၂၀၁၇) ရက်နေ့ ညနေ (၆:၀၀) နာရီ Novotel Yangon တွင် ကျင်းပပြုလုပ်ရာ ဧရာမြန်မာအာမခံကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော်၊ Max Myanmar Group နှင့် AYA Financial Group ဒါရိုက်တာများနှင့် အထွေထွေမန်နေဂျာများ၊ ပြည်နယ်/တိုင်း ရုံးခွဲများမှ တာဝန်ခံများ၊ အရာထမ်းများနှင့် ဝန်ထမ်းများ စုံညီစွာတက်ရောက်ကြပါသည်။

အဆိုပါအခမ်းအနားတွင် ဧရာမြန်မာအာမခံကုမ္ပဏီဥက္ကဌ ဦးဇော်ဇော်မှ ဧရာမြန်မာအာမခံလုပ်ငန်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်အကောင်အထည်းဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် နောက်နောင် ယခုထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် မိမိတို့၏ customer များအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက်  ကြိုးပမ်းသွားကြရန်တို့ကိုလည်း မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး Employee of the year, Best Sales team, Best Regional Sales Unit နှင့် Team of the year ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် အဆိုတော် အောင်ထက်၊ နီနီခင်ဇော်နှင့် ဝေလ တို့မှလည်း သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဌာနကြီးများမှ ဝန်ထမ်းများက ပြုလုပ်ပေးပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။