Premium Calculator

ဧရာမြန်မာအာမခံကုမ္ပဏီ၏ နှစ်ပတ်လည် အစည်းအဝေး [၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ သောကြာနေ့]

ဧရာမြန်မာအာမခံကုမ္ပဏီ၏ (၄) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဧရာမြန်မာအာမခံကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဌ ဦးသန်းဇော်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမင်းသူ နှင့်တကွ ဌာနအသီးသီးမှ အရာထမ်းဝန်ထမ်းများ နှင့် အနယ်နယ်အရပ်ရပ်မှ ဝန်ထမ်းများ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။ ဧရာမြန်မာအာမခံကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော် မှ AYA Financial Group၊ Max Myanmar Holding Group ၏လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဥက္ကဌ ဦးသန်းဇော်မှ ဧရာမြန်မာအာမခံကုမ္ပဏီ၏ ဦးတည်ချက်များ၊ လုပ်ငန်းဆောင်တာများအား ဆုံးမအမှာစကားအဖြစ် မှာကြားခဲ့ပါသည်။ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမင်းသူမှ ဆက်လက်လုပ်ဆောင်ရန်ကိစ္စများ၊ ဘဏ္ဍာရေးအခြေအနေ၊ လာမည့်နှစ်အတွက် လမ်းပြမြေပုံနှင့် တကွ လုပ်ငန်းရပ်များအား တွေ့ဆုံဆွေးနွေးခြင်း၊ သက်ဆိုင်ရာဌာနမှူးများမှလည်း တက်ရောက်လာသည့် ဝန်ထမ်းများမှ မေးမြန်းလာသည်များကို ရှင်းလင်းပြောကြားခြင်း၊ အာမခံလုပ်ငန်းဆောင်တာ အတွေ့အကြုံများကို ဖလှယ်ခြင်း စသည့်အစီအစဉ်များဖြင့် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ဧရာမြန်မာအာမခံသည် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းပိုမိုသစ်လွင်စွာလုပ်ဆောင်ရေးကို ပိုမိုအလေးထားပြီး အာမခံလုပ်ငန်းစု တစ်ခုလုံးတိုးတက်စေရန် ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ရန်တို့ကို အတည်ပြုဆွေးနွေးခဲ့ကြ ပါသည်။

Visit Us On Google Plus
Visit Us On Youtube
Visit Us On Facebook
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore