Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံမှ Asian Banking and Finance က ချီးမြှင့်သော “Digital Insurance Initiative – Myanmar 2018” ဆုလက်ခံရရှိ[ကြာသပတေးနေ့၊ ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်]

Asian Banking and Finance မှ ချီးမြှင့်သော  “Digital Insurance Initiative – Myanmar 2018” ဆုကို ဧရာမြန်မာအာမခံ (AMI) ကုမ္ပဏီလီမိတက်မှ ဒုတိယအကြိမ်မြောက် လက်ခံရရှိခဲ့ပါသည်။ စင်ကာပူနိုင်ငံ၊ Shangri – La ဟိုတယ်၌ ဇူလိုင်လ (၁၂) ရက်နေ့တွင် ကျင်းပခဲ့သည့် Asian Banking and Finance 2018 ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် “Digital Insurance Initiative – Myanmar 2018 ”ဆုကို ဧရာမြန်မာအာမခံ (AMI) ကုမ္ပဏီလီမိတက် Management Team မှ ဂုဏ်ယူစွာဖြင့် လက်ခံရယူခဲ့ပါသည်။

ဒီဂျစ်တယ် အခြေပြုနည်းပညာ ပေါ်လစီစနစ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်အား စီစစ်အကဲဖြတ်သုံးသပ်ခြင်းများကို နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် Deloitte, Milliman , Ernst & Young and KPMG Singapore အစရှိသော အဖွဲ့အစည်းအသီးသီးရှိ သက်ဆိုင်ရာ ပညာရှင်များမှ လုပ်ငန်းစဉ်တစ်ခုလုံးအား အကဲဖြတ်ဆောင်ရွက်သွားခဲ့ခြင်းဖြစ်ပါသည်။

Asian Banking and Finance အဖွဲ့အစည်းသည် အာရှဒေသအတွင်းရှိ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ အာမခံဆိုင်ရာ လုပ်ငန်းများနှင့် ဒေသတွင်းကုမ္ပဏီများအနေဖြင့် ဦးဆောင်လုပ်ကိုင်ရင်း စျေးကွက်အတွင်း အခွင့်အလမ်းများပိုမိုရရှိ၍ ဖွံ့ဖြိုးတိုးတက်လာရန်၊ ယှဉ်ပြိုင်မှုစွမ်းအားများ ပိုမိုပေါ်ထွက်လာရန် ရည်ရွယ်၍ နှစ်စဉ်ဒေသတွင်းရှိသော ကုမ္ပဏီများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသောအားဖြင့် နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက် အကောင်းဆုံးဆုများ ရွေးချယ်ပေးအပ်သည့် အဖွဲ့အစည်းဖြစ်သည်။

ယခုလို ဧရာမြန်မာအာမခံ မိတ်ဆွေများမှ အာမခံဝန်ဆောင်မှုများအပေါ် ယုံကြည်မှုရှိကြသည့်အတွက် ကျေးဇူးတင်ရှိပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore