ဧရာမြန်မာအာမခံ၏(၅) နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို (၂၈-၇-၂၀၁၈) ရက်နေ့ ညနေ (၆:၀၀) နာရီ Novotel Yangon တွင်ကျင်းပပြုလုပ်ရာ ဧရာမြန်မာအာမခံ ကုမ္ပဏီဥက္ကဌ ဦးဇော်ဇော် ၊ ဧရာမြန်မာအာမခံ၏ Board of Director အဖွဲ့ဝင်များ၊ AYA Financial Group နှင့် Max Myanmar Group မှ Board of Director နှင့် Senior Management မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ Coporate Partner များ၊ အာမခံကိုယ်စားလှယ်ကြီးများ၊ Customer များနှင့် လုပ်ဖော်ကိုင်ဖက်များ စုံညီစွာတက်ရောက်ကြပါသည်။ အဆိုပါအခမ်းအနားတွင် ဧရာမြန်မာအာမခံ ကုမ္ပဏီဥက္ကဌ ဦးဇော်ဇော်မှ ဧရာမြန်မာအာမခံလုပ်ငန်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် အာမခံဝန်ဆောင်မှုများအား ဒီဂျစ်တယ် အခြေပြုနည်းပညာ အာမခံလုပ်ငန်းဆောင်ရွက်မှု စနစ်ဖြင့် မိမိတို့၏ Customer များအား အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ကြိုးပမ်းသွားကြရန်တို့ကိုလည်း မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး Sales Performer of the year – Travel Insurance များ အတွက် ဂုဏ်ပြုဆုနှင့် ဘန်ကောက်ခရီးစဉ်အားလည်းကောင်း ၊ Top Agents of the year အတွက် ဂုဏ်ပြုဆုနှင့် Gift Cheque အားလည်းကောင်း၊ ဧရာမြန်မာအာမခံ၏ ထူးချွန်ဝန်ထမ်းများနှင့် ဧရာမြန်မာအာမခံတွင် (၅) နှစ်တာကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသူများအတွက် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် အဆိုတော်များမှ လည်းတေးသီချင်းများနှင့် ဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာသူများအတွက် Lucky Draw အစီအစဉ်များ ပြုလုပ်ပေးပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။