Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံ ၏ ရန်ကုန်ရုံးခွဲတစ်ခုဖြစ်သော ဝေဇယန္တာ ရုံးခွဲ ဖွင့်လှစ် [ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၈ရက်၊ ၂၀၁၈ခုနှစ်]

ဧရာမြန်မာအာမခံ ၏ ရန်ကုန်ရုံးခွဲတစ်ခုဖြစ်သော ဝေဇယန္တာ ရုံးခွဲဖွင့်ပွဲအခမ်းအနားကို (၈.၈.၂၀၁၈) ရက်နေ့ တွင် တောင်ဥက္ကလာပ မြို့နယ်၊ ဝေဇယန္တာလမ်း နှင့် (၈) လမ်းထောင့်၊ (၃) ရပ်ကွက်ရှိ ဧရာမြန်မာအာမခံ ဝေဇယန္တာရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အာမခံ ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာမခံကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် ဧရာမြန်မာအာမခံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဧရာမြန်မာအာမခံသည် ရန်ကုန်ရုံးချုပ်အပြင် မန္တလေးနှင့်နေပြည်တော်စသော မြို့ကြီးများတွင် ရုံးခွဲများဖွင့်လှစ်ထားပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် မမျှော်လင့်သော ဆုံးရှုံးမှု အန္တရာယ်များအတွက် အချိန်နှင့်တပြေးညီ (၂၄) နာရီ ဝန်ဆောင်မှုဖြင့် အစဉ်အမြဲကာကွယ်စောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိတိုင်း​ဒေသကြီး ၊ ပြည်နယ်အသီးသီးတို့တွင်လည်း ဧရာမြန်မာအာမခံ၏ အာမခံဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ ဧရာမြန်မာအာမခံသည် မိမိတို့နှင့် ယုံကြည်စွာလက်တွဲလာသော မိတ်ဆွေများအား ဘဝလုံခြုံမှုရှိစေရန် မနက်ဖန်တိုင်း ရေရာသေချာစေရန် အာမခံအမျိုးအစား များစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။