Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံ၏ မန္တလေးရုံးခွဲတစ်ခုဖြစ်သော ဒိုင်းမွန်းပလာဇာ ရုံးခွဲဖွင့်လှစ် [ဗုဒ္ဓဟူးနေ့ ၊ သြဂုတ်လ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်]

ဧရာမြန်မာအာမခံ၏ မန္တလေးရုံးခွဲတစ်ခုဖြစ်သော ဒိုင်းမွန်းပလာဇာ ရုံးခွဲဖွင့်ပွဲ အခမ်းအနားကို (၁၅.၈.၂၀၁၈) ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် ၊ ကဉ္စဏမဟီရပ်ကွက် ၊ ၇၇ လမ်း x ၃၄ လမ်းထောင့်ရှိ ဧရာမြန်မာအာမခံဒိုင်းမွန်းပလာဇာ ရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အာမခံ ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာမခံကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် ဧရာမြန်မာအာမခံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဧရာမြန်မာအာမခံသည် ရန်ကုန်ရုံးချုပ်အပြင် မန္တလေးနှင့်နေပြည်တော်စသော မြို့ကြီးများတွင် ရုံးခွဲများဖွင့်လှစ်ထားပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် မမျှော်လင့်သော ဆုံးရှုံးမှု အန္တရာယ်များအတွက် အချိန်နှင့်တပြေးညီ (၂၄) နာရီ ဝန်ဆောင်မှုဖြင့် အစဉ်အမြဲကာကွယ်စောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိတိုင်း​ဒေသကြီး ၊ ပြည်နယ်အသီးသီးတို့တွင်လည်း ဧရာမြန်မာအာမခံ၏ အာမခံဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ ဧရာမြန်မာအာမခံသည် မိမိတို့နှင့် ယုံကြည်စွာလက်တွဲလာသော မိတ်ဆွေများအား ဘဝလုံခြုံမှုရှိစေရန် မနက်ဖန်တိုင်း ရေရာသေချာစေရန် အာမခံအမျိုးအစား များစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore