Premium Calculator

ဧရာမြန်မာအာမခံ ၏ ရန်ကုန်ရုံးခွဲတစ်ခုဖြစ်သော နိုဗိုတယ်ရုံးခွဲဖွင့်လှစ် [ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၁၉]


ဧရာမြန်မာအာမခံ၏ ရန်ကုန်ရုံးခွဲတစ်ခုဖြစ်သော Novotel ရုံးခွဲဖွင့်ပွဲအခမ်းအနားကို (၇.၂.၂၀၁၉) ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၊ ၄ လွှာ အခန်းအမှတ် (၄၀၃)ရှိ ဧရာမြန်မာအာမခံ Novotel ရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဧရာမြန်မာအာမခံ ဥက္ကဌ ဦးဇော်ဇော်နှင့် Senior Management မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အာမခံကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာမခံကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် ဧရာမြန်မာအာမခံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဧရာမြန်မာအာမခံသည် ရန်ကုန်ရုံးချုပ်အပြင် မန္တလေးနှင့် နေပြည်တော်စသော မြို့ကြီးများတွင် ရုံးခွဲများဖွင့်လှစ်ထားပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် မမျှော်လင့်သော ဆုံးရှုံးမှုအန္တရာယ်များအတွက် အချိန်နှင့်တပြေးညီ (၂၄) နာရီဝန်ဆောင်မှုဖြင့် အစဉ်အမြဲ ကာကွယ်စောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့တွင်လည်း ဧရာမြန်မာအာမခံ၏ အာမခံဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ ဧရာမြန်မာအာမခံသည် မိမိတို့နှင့် ယုံကြည်စွာလက်တွဲလာသော မိတ်ဆွေများအား ဘဝလုံခြုံမှုရှိစေရန် မနက်ဖြန်တိုင်း ရေရာသေချာစေရန် အာမခံအမျိုးအစားများစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore