Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံ၏ ၂၀၁၉ ခုနှစ်အတွက် Regional Meeting ကျင်းပခဲ့ခြင်း [သောကြာနေ့၊ မတ်လ ၈ ရက်၊၂၀၁၉ ခုနှစ်]

ဧရာမြန်မာအာမခံ၏ ၂၀၁၉ ခုနှစ်အတွက် Regional Meeting ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၈)ရက်နေ့တွင် ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ် (Novotel) Mandalay Ballroom ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ဧရာမြန်မာအာမခံ ဥက္ကဌ ဦးဇော်ဇော်နှင့် ဒုဥက္ကဌ ဦးသန်းဇော်၊ အုပ်ချုပ်မှုဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဌာနအကြီးအကဲများနှင့် ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုံးခွဲတာဝန်ခံများနှင့် ရုံးခွဲများမှ တာဝန်ရှိပုဂ္ဂိုလ်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။ Regional Meeting ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ – ဘဏ္ဍာရေးနှစ် ၂၀၁၈-၂၀၁၉ အတွက် လုပ်ငန်းဆောင်ရွက်ချက်များ ပြန်လည်သုံးသပ်ခြင်းနှင့်အတူ လာမည့် ဘဏ္ဍာရေးနှစ် ၂၀၁၉-၂၀၂၀ အတွက် လုပ်ငန်းလျာထားသတ်မှတ်ချက်များကို ဆွေးနွေးရှင်းလင်းတင်ပြခြင်းတို့ဖြစ်ပါတယ်။ Innovate, Integrate, Initiate ဟူသော theme နှင့်အညီ တက်ရောက်လာကြသော ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များမှ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြခြင်းနှင့်အတူ မိမိတို့၏ customer များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။