Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံ၏ အထက်မြန်မာပြည်ရုံးခွဲတစ်ခုဖြစ်သော ပုဂံရုံးခွဲဖွင့်လှစ် [သောကြာနေ့၊ မေလ ၃ရက်၊ ၂၀၁၉ ခုနှစ်]

ဧရာမြန်မာအာမခံ၏ အထက်မြန်မာပြည်ရုံးခွဲတစ်ခုဖြစ်သော ပုဂံရုံးခွဲဖွင့်ပွဲအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို (၃.၅.၂၀၁၉) ရက်နေ့တွင် မန္တလေးတိုင်း ညောင်ဦးမြို့၊ မြို့မ အထက ကျောင်းရှေ့၊ လမ်းမတော် တိုက်ကုန်းရပ်ကွက်ရှိ ဧရာမြန်မာအာမခံ ပုဂံရုံးခွဲတွင်ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြင့်ခိုင်နှင့် ဧရာမြန်မာအာမခံမှ တာဝန်ရှိသူများ အာမခံကိုယ်စားလှယ်ကြီးများနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ ဧရာမြန်မာအာမခံသည် ရန်ကုန်ရုံးချုပ်အပြင် မန္တလေးနှင့် နေပြည်တော်စသော မြို့ကြီးများတွင် ရုံးခွဲများဖွင့်လှစ်ထားပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် မမျှော်လင့်သော ဆုံးရှုံးမှုအန္တရာယ်များအတွက် အချိန်နှင့်တပြေးညီ (၂၄)နာရီဝန်ဆောင်မှုဖြင့် အစဉ်အမြဲ ကာကွယ်စောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့တွင်လည်း ဧရာမြန်မာအာမခံ၏ အာမခံဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ ဧရာမြန်မာအာမခံသည် မိမိတို့နှင့် ယုံကြည်စွာလက်တွဲလာသော မိတ်ဆွေများအား ဘဝလုံခြုံမှုရှိစေရန် မနက်ဖြန်တိုင်း ရေရာသေချာစေရန် အာမခံအမျိုးအစားများစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။