Premium Calculator

Invest Myanmar Summit 2019 (တနင်္လာနေ့၊ ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၁၉)

“Invest Myanmar Summit 2019” အခမ်းအနားပွဲကြီးကို AYA Bank မှ Sponsor အဖြစ် ကူညီပံ့ပိုးပေးထားပြီး AYA Myanmar Insurance မှလည်း ကူညီပံ့ပိုးထားပါသည်။ ပြောင်းလဲတိုးတက်သော စီးပွားရေးလုပ်ငန်းများ ဖန်တီးနိုင်ရန် ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး စီးပွားရေးအဖွဲ့အစည်းတို့မှ ပူးပေါင်းဆောင်ရွက်ထားကာ ယနေ့ နေပြည်တော်ရှိ MICC-2 မှာ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ၎င်းဆွေးနွေးပွဲကြီးကို (28-29.01.2019) ရက်နေ့များတွင် Sessions အလိုက် ဆွေးနွေးပွဲများလည်းကျင်းပသွားမှာဖြစ်ပါတယ်။
ယခုပြုလုပ်ကျင်းပနေသောအခမ်းအနားပွဲသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည်ဖော်နိုင်မည့် ဗဟိုစီမံကိန်း အချက်အလက်များပါဝင်သည့် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံကိန်းဘဏ် (National Project Bank) ကိုလည်း စတင်ဆောင်ရွက်သွားမည်ကို လူကြီးမင်းတို့ကိုယ်တိုင် မျက်မြင်တွေ့ရှိလေ့လာနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရာ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအလားအလာကောင်းများအတွက် သီးသန့်တွေ့ဆုံခွင့်တောင်းခံနိုင်သည့် လက်မလွှတ်သင့်သောအခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore