Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံမှ Global Banking and Finance က ချီးမြှင့်သော Best Private Insurance Company Myanmar 2019 ဆုလက်ခံရရှိ [သောကြာနေ့၊ ဇွန်လ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်]

Global Banking and Finance မှ ချီးမြှင့်သော Best Private Insurance Company Myanmar 2019 ဆုကို ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက်မှ လက်ခံရရှိခဲ့ပါသည်။ ဇွန်လ (၁၄)ရက်နေ့ လန်ဒန်မြို့ရှိ London Stock Exchange တွင် ပြုလုပ်ခဲ့ပြီး “Best Private Insurance Company Myanmar 2019″ ဆုကို ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမင်းသူမှ ဂုဏ်ယူစွာဖြင့် လက်ခံရယူခဲ့ပါသည်။

ဧရာမြန်မာအာမခံအား Best Private Insurance Company Myanmar 2019 ဆုပေးအပ်ချီးမြှင့်ရခြင်းနှင့် စပ်လျဉ်း၍ Global Banking and Finance မှ ဖော်ပြရာတွင် ဧရာမြန်မာအာမခံ၏ အဓိက လုပ်ဆောင်ချက်များဖြစ်သော “လုပ်ငန်းအတွင်း အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းစဉ်များ (Corporate Governance)၊ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်လျက်ရှိသော လူမှု့အကျိုးပြုလုပ်ငန်းများ၊ ဒီဂျစ်တယ်အခြေပြုအာမခံလုပ်ငန်းဆောင်ရွက်မှုစနစ်နှင့်သက်ဆိုင်သော နည်းပညာပေါ်လစီကိုအသုံးပြုခြင်းဖြင့် မိတ်ဆွေများနှင့် ဧရာမြန်မာအာမခံကုမ္ပဏီအတွက် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်မှာဖြစ်ကြောင်း” စသည်တို့ကြောင့် ယခုလို ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore