Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံ၏ အထက်မြန်မာပြည်ရုံးခွဲတစ်ခုဖြစ်သော မုံရွာရုံးခွဲဖွင့်လှစ် [ကြာသပတေးနေ့၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်]

ဧရာမြန်မာအာမခံ၏ အထက်မြန်မာပြည်ရုံးခွဲတစ်ခုဖြစ်သော မုံရွာရုံးခွဲဖွင့်ပွဲအခမ်းအနားကို (၂၇.၆.၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဧရာမြန်မာအာမခံ မုံရွာရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မုံရွာမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်မျိုးဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ် ဒုတိယညွှန်ကြားရေးမှူးချူပ် ဒု-ဗိုလ်မှူးကြီး ဦးခင်မောင်ညွှန့်၊ မုံရွာမြို့ ဒု-အထွေထွေအုပ်ချူပ်ရေးမှူး ဦးအာကာမြင့်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဒုညွှန်ကြားရေးမှူး ဦးဘလွင်ဦးနှင့် ဧရာမြန်မာအာမခံမှ တာဝန်ရှိသူများ အာမခံကိုယ်စားလှယ်ကြီးများနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။
ဧရာမြန်မာအာမခံသည် ရန်ကုန်ရုံးချုပ်အပြင် မန္တလေးနှင့် နေပြည်တော်စသော မြို့ကြီးများတွင် ရုံးခွဲများဖွင့်လှစ်ထားပြီး ယနေ့ဖွင့်လှစ်သော မုံရွာရုံးခွဲသည် ဧရာမြန်မာအာမခံ၏ (၁၀) ခုမြောက် ရုံးခွဲဖြစ်ပါသည်။ ဧရာမြန်မာအာမခံအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် မမျှော်လင့်သော ဆုံးရှုံးမှုအန္တရာယ်များအတွက် အချိန်နှင့်တပြေးညီ (၂၄)နာရီဝန်ဆောင်မှုဖြင့် အစဉ်အမြဲ ကာကွယ်စောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့တွင်လည်း ဧရာမြန်မာအာမခံ၏ အာမခံဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ ဧရာမြန်မာအာမခံသည် မိမိတို့နှင့် ယုံကြည်စွာလက်တွဲလာသော မိတ်ဆွေများအား ဘဝလုံခြုံမှုရှိစေရန် မနက်ဖြန်တိုင်း ရေရာသေချာစေရန် အာမခံအမျိုးအစားများစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။