Premium Calculator

ဧရာမြန်မာအာမခံ၏ အောက်မြန်မာပြည်ရုံးခွဲတစ်ခုဖြစ်သော ပုသိမ်ရုံးခွဲဖွင့်လှစ် [သောကြာနေ့၊ ဇူလိုင်လ ၂၆ရက်၊ ၂၀၁၉ခုနှစ်]

ဧရာမြန်မာအာမခံ၏ အောက်မြန်မာပြည်ရုံးခွဲတစ်ခုဖြစ်သော ပုသိမ်ရုံးခွဲဖွင့်ပွဲအခမ်းအနားကို (၂၆.၇.၂၀၁၉) ရက်နေ့တွင် ပုသိမ်မြို့၊ ရွှေဝါမြေလမ်းထိပ်၊ အတီးစုရပ်ကွက် မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိ ဧရာမြန်မာအာမခံ ပုသိမ်ရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီးအစိုးရ ဝန်ကြီး ဦးဌေးဝင်းနှင့် ပို့ဆောင်ရေး၊ လျှပ်စစ်၊ စက်မှုလက်မှု၊ ဆက်သွယ်ရေး၊ စွမ်းအင်နှင့် လမ်းပန်းဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီးအစိုးရ ဝန်ကြီး ဦးဝင်းဌေး၊ ဧရာမြန်မာအာမခံမှ အုပ်ချုပ်မှုဒါရိုက်တာနှင့်တာဝန်ရှိသူများ၊ အာမခံကိုယ်စားလှယ်ကြီးများနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပြီး ဧရာမြန်မာအာမခံဆိုင်းဘုတ်အား အောင်သပြေခက်များနှင့် အမွှေးနံ့သာများ ပတ်ဖြန်းခဲ့ကြပါသည်။
ဧရာမြန်မာအာမခံသည် ရန်ကုန်ရုံးချုပ်အပြင် မန္တလေးနှင့် နေပြည်တော်စသော မြို့ကြီးများတွင် ရုံးခွဲများဖွင့်လှစ်ထားပြီး ယနေ့ဖွင့်လှစ်သော ပုသိမ်ရုံးခွဲသည် ဧရာမြန်မာအာမခံ၏ (၁၁) ခုမြောက် ရုံးခွဲဖြစ်ပါတယ်။ ဧရာမြန်မာအာမခံအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် မမျှော်လင့်သော ဆုံးရှုံးမှုအန္တရာယ်များအတွက် အချိန်နှင့်တပြေးညီ (၂၄)နာရီဝန်ဆောင်မှုဖြင့် အစဉ်အမြဲ ကာကွယ်စောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့တွင်လည်း ဧရာမြန်မာအာမခံ၏ အာမခံဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ ဧရာမြန်မာအာမခံသည် မိမိတို့နှင့် ယုံကြည်စွာလက်တွဲလာသော မိတ်ဆွေများအား ဘဝလုံခြုံမှုရှိစေရန် မနက်ဖြန်တိုင်း ရေရာသေချာစေရန် အာမခံအမျိုးအစားများစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore