Premium Calculator
Urgent Notice to Our Customer

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖက်စပ်အထွေထွေအာမခံလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန်အတွက် ခွင့်ပြုချက် [ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၃၁ ရက်၊ ၂၀၁၉ခုနှစ်]

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၄/၂၀၁၉) အရ ဖက်စပ်အထွေထွေအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည့် ပြည်တွင်းအထွေထွေအာမခံကုမ္ပဏီများနှင့် နိုင်ငံခြားအထွေထွေအာမခံကုမ္ပဏီများ အမည်စာရင်းထုတ်ပြန်ကြေညာခဲ့ရာ ဧရာမြန်မာအာမခံ၏ လုပ်ငန်းခွဲဖြစ်သော ဧရာမြန်မာအထွေထွေအာမခံ ကုမ္ပဏီ လီမိတက်(AYA Myanmar General Insurance Co.,Ltd) နှင့် Sompo Japan Nipponkoa Insurance Inc ၏ လုပ်ငန်းခွဲဖြစ်သော Sompo Holdings, Inc တို့သည် အကျိူးတူလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်အား ၂၀၁၉ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့တွင် ရရှိခဲ့ပါသည်။
ဧရာမြန်မာအထွေထွေအာမခံအနေဖြင့် Sompo Japan Nipponkoa Insurance Inc နှင့် ဖက်စပ်အထွေအထွေအာမခံ လုပ်ကိုင်ခွင့်ရရှိသည့်အပေါ် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ရှေ့ဆက်၍ ယခုထက် ပိုမိုကောင်းမွန်သော အာမခံဝန်ဆောင်မှုများဖြင့် လူတစ်ဦးချင်းစီ၏ အကျိူးစီးပွားရေးမှသည် အဖွဲ့အစည်းများ၏ အကျိုးစီးပွားများအတွက် အကာအကွယ်ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore