Premium Calculator
Urgent Notice to Our Customer

အများသိစေရန် အသိပေးအကြောင်းကြားခြင်း

  1. ၁။ ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက် (AYA Myanmar Insurance Co Ltd) သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက် (AYA Myanmar General Insurance Co Ltd) နှင့် ဧရာမြန်မာအသက်အာမခံကုမ္ပဏီလီမိတက် (AYA Myanmar Life Assurance Co Ltd) အမည်များဖြင့် အထွေထွေအာမခံနှင့် အသက်အာမခံ သီးခြားလုပ်ငန်းလိုင်စင်ကို ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် လုပ်ကိုင်ခွင့်ရရှိထားပါသည်။
  2. ၂။ ဧရာမြန်မာအာမခံတွင် အထွေထွေအာမခံဝန်ဆောင်မှုများကို ဝယ်ယူထားသော၊ အာမခံသက်တမ်း အကျုံးဝင်နေသော လူကြီးမင်းများ၏ Policyနှင့်ပတ်သက်သော ဝန်ဆောင်မှုအရပ်ရပ်ကို ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက် (AYA Myanmar General Insurance Co Ltd) မှ ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစတင်၍ လွှဲပြောင်းလုပ်ဆောင်လျက်ရှိကြောင်း အသိပေးကြေညာအပ်ပါသည်။
  3. ၃။ ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက် (AYA Myanmar General Insurance Co Ltd) မှ ဝန်ဆောင်မှုပေးလျက်ရှိသော အထွေထွေအာမခံအမျိုး အစားများမှာ

    1. (၁) အလုံးစုံမော်တော်ယာဉ်အာမခံ (Comprehensive Motor Insurance)
    2. (၂) မီးအာမခံ (Fire Insurance)
    3. (၃) ရေကြောင်းပို့ကုန်အာမခံ (Marine Cargo Insurance)
    4. (၄) ကုန်းလမ်းကုန်စည်အာမခံ (Inland Transit Insurance)
    5. (၅) ရေယာဉ်ကိုယ်ထည်အာမခံ (Marine Hull Insurance)
    6. (၆) ကျန်းမာရေးအာမခံ (Health Insurance)
    7. (၇) ခရီးသွားအာမခံ (Travel Insurance)
    8. (၈) ငွေသားလုံခြုံမှုအာမခံ (Cash in Safe Insurance)
    9. (၉) ငွေပို့ငွေသယ်အာမခံ (Cash in Transit Insurance) နှင့်
    10. (၁၀) သမာဓိအာမခံ (Fidelity Insurance) စသည့် အာမခံအမျိုးအစားများဖြစ်ကြပါသည်။
  4. ၄။ ဧရာမြန်မာအထွေထွေအာမခံအနေဖြင့် လူကြီးမင်းတို့၏ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်၍ ယခုထက် ပိုမိုကောင်းမွန်သော အာမခံဝန်ဆောင်မှုများဖြင့် လူတစ်ဦးချင်းစီ၏ အကျိူးစီးပွားရေးမှသည် အဖွဲ့အစည်းများ၏ အကျိုးစီးပွားများအတွက် အကာအကွယ်ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ အထွေထွေအာမခံဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက

ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက်

အမှတ် (၂၃)၊ ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်းနံပါတ် ၀၉ ၉၆၆ ၆၆၂ ၈၈၃ (Customer Service)

၀၉ ၄၂၉ ၃၀၅ ၂၂၄ (Claims)

၀၉ ၉၇၇ ၃၇၃ ၀၀၀ (Business) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျေးဇူးတင်စွာဖြင့်

ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက်