Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအာမခံကုမ္ပဏီ၏ (၆) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ညစာစားပွဲ [စနေနေ့၊ သြဂုတ်လ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်]

ဧရာမြန်မာအာမခံကုမ္ပဏီ၏ (၆) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို (၂၄-၈-၂၀၁၉) ရက်နေ့ ညနေ (၆:၀၀) နာရီ Novotel Yangon Hotel တွင် ကျင်းပပြုလုပ်ရာ ဧရာမြန်မာအာမခံကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဧရာမြန်မာအာမခံ၏ Board of Director အဖွဲ့ဝင်များ၊ AYA Financial Group နှင့် Max Myanmar Group မှ Board of Director နှင့် Senior Management မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ Corporate Partner များ၊ အာမခံကိုယ်စားလှယ်ကြီးများ၊ Customer များ နှင့် လုပ်ဖော်ကိုင်ဖက်များ စုံညီစွာ တက်ရောက်ကြပါသည်။

အဆိုပါအခမ်းအနားတွင် Best Travel Insurance Performers of the Year အတွက် ဂုဏ်ပြုဆုများအား လည်းကောင်း၊ Best Agents of the Year အတွက် ဂုဏ်ပြုဆုများအားလည်းကောင်း၊ Top Sales Performers for auto dealers များအတွက် ဂုဏ်ပြုဆုများအား လည်းကောင်း၊ တစ်နှစ်တာကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစွာမောင်းနှင်ခဲ့သည့်အတွက် JJ Express အား Best Safety Award ကို ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး ဧရာမြန်မာအာမခံ၏ ထူးချွန်ဝန်ထမ်းများနှင့် ဧရာမြန်မာအာမခံတွင် (၆) နှစ်တာကာလအတွင်း အကောင်းဆုံး တာဝန်ထမ်းဆောင်ခဲ့ကြသူများအတွက် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် အဆိုတော်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး Lucky Draw အစီအစဉ်များ ပြုလုပ်ပေး၍ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore