Premium Calculator
Urgent Notice to Our Customer

ငါးသိုင်းချောင်း Community Centre အား ပါ၀င်လှူဒါန်းခြင်း [စနေနေ့၊ ‌အောက်တိုဘာလ ၅ရက်၊ ၂၀၁၉ ခုနှစ်]

ဧရာမြန်မာအထွေထွေအာမခံမှ ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ဒေသခံ လူငယ်များ အတွက် ဗဟုသုတနှင့် အသိပညာများ တိုးတက်စေရန် ရည်ရွယ်၍ ယနေ့ အောက်တိုဘာ (၅) ရက်နေ့ နံနက် (၁၀) နာရီတွင် ဖွင့်လှစ်ခဲ့သော ငါးသိုင်းချောင်း Community Centre အား ပါ၀င်လှူဒါန်းပံ့ပိုးခဲ့ပါသည်။
ထိုအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဧရာမြန်မာအထွေထွေအာမခံမှ တာဝန်ရှိသူများ နှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် သက်ဆိုင်ရာလူကြီးမင်းများမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ဧရာမြန်မာအထွေထွေအာမခံမှ Community Center အတွင်းလိုအပ်သော သင်ထောက်ကူပစ္စည်းများအား ပံ့ပိုးကူညီ လှူဒါန်းခဲ့ပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore