Premium Calculator
Urgent Notice to Our Customer

ဧရာမြန်မာအထွေထွေအာမခံ ကုမ္ပဏီလီမိတက်နှင့် အာမခံကိုယ်စားလှယ်များ၏ ပထမအကြိမ်စုပေါင်းမဟာဘုံကထိန် အလှူပွဲ [အင်္ဂါနေ့၊ နို၀င်ဘာလ ၅ ရက်နေ့၊ ၂၀၁၉ ခုနှစ်]


ယနေ့ နို၀င်ဘာလ (၅) ရက်နေ့တွင် ဧရာမြန်မာအထွေထွေအာမခံ ကုမ္ပဏီလီမိတက်နှင့် အာမခံကိုယ်စားလှယ်များ၏ အလှူပွဲကို ဗဟန်းမြို့နယ် သာသနာ့ရိပ်သာလမ်း တောင်ကြီးပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါပွဲသို့ အာမခံကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဧရာမြန်မာအထွေထွေအာမခံ ကုမ္ပဏီမှ တာ၀န်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ကျောင်းထိုင်ဆရာတော်ထံမှ အလှူရေစက်ချတရား နာယူခဲ့ကြပါသည်။ ထို့နောက် သံဃာတော်များအား ကထိန်သင်္ကန်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်လာသော ဧည့်သည်များအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပါသည်။