Premium Calculator
Urgent Notice to Our Customer

AYA Financial Group မိသားစု၏ ဒဿမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား [တနင်္လာနေ့၊ နို၀င်ဘာလ ၉ ရက်နေ့၊ ၂၀၁၉ ခုနှစ်]

AYA Financial Group မိသားစု၏ ဒဿမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ ပါဠိတက္ကသိုလ် အောင်မင်္ဂလာတိုက်သစ် ကျောင်းတိုက်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ နံနက်ကအောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် AYA Financial Group ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဌေးဌေးခိုင် မိသားစုနှင့်တကွ ရုံးခွဲဌာနများအသီးသီးရှိ ၀န်ထမ်းများမှ စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် ကထိန်သင်္ကန်းနှင့်တကွ ၀တ္ထုအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဒါန စသည်တို့ကို လှူဒါန်းခဲ့ရာ လှူဖွယ်ပစ္စည်းတန်ဖိုး (၁၁,၉၇၇,၁၆၆) ကျပ်၊ ၀တ္ထုအလှူငွေ (၁၈,၄၄၆,၅၅၀) ကျပ် နှင့် ဆွမ်းဒါန (၅,၁၈၉,၅၀၀) ကျပ် စုစုပေါင်း လှူဒါန်းမှု တန်ဖိုး (၃၅,၆၁၃,၂၁၆) ကျပ်ကို လှူဒါန်းခဲ့ပါသည်။