Premium Calculator
Urgent Notice to Our Customer

Fire Claims

အာမခံထားရန် လုပ်ဆောင်ရမည့် နည်းလမ်းအဆင့်ဆင့်

အဆင့် -၁

ပထမဦးစွာ ဧရာမြန်မာအထွေထွေအာမခံ၏ Customer Service Hotline ဖုန်းနံပါတ် ၀၉-၉၆၆ ၆၆၂ ၈၈၃ (သို့မဟုတ်) ၀၉-၉၇၇ ၃၇၃ ၀၀၀ သို့လည်းကောင်း၊ ဧရာမြန်မာအထွေထွေအာမခံမှ ခွင့်ပြုချက်ရရှိထားသည့် အာမခံကိုယ်စားလှယ်များထံသို့ ဆက်သွယ်၍ လည်းကောင်း ၀န်ဆောင်မှု ရယူနိုင်ပါသည်။

အဆင့် -၂

ဧရာမြန်မာအထွေထွေအာမခံမှ အာမခံထားသူ၏ စာရွက်စာတမ်းများနှင့် အချက်အလက်များကို လက်ခံရရှိပါမည်။

အဆင့် -၃

ဧရာမြန်မာအထွေထွေအာမခံမှ ၀န်ထမ်း (သို့) အာမခံကိုယ်စားလှယ်များမှ အာမခံထားသူထံသို့ ပြန်လည်ဆက်သွယ်ပြီး အာမခံအမျိုးအစားများကို မိတ်ဆက်ရှင်းပြပါမည်။

အဆင့် -၄

ဧရာမြန်မာအထွေထွေအာမခံမှ ၀န်ထမ်း (သို့) အာမခံကိုယ်စားလှယ်များမှ အာမခံထားသူ၏ လိုအပ်ချက်နှင့် ကိုက်ညီ၍ သင့်လျော်သော အာမခံအမျိုးအစားကို အကြံပေးဆွေးနွေးပေးပါမည်။

အဆင့် -၅

ဧရာမြန်မာအထွေထွေအာမခံမှ ၀န်ထမ်း (သို့) အာမခံကိုယ်စားလှယ်များမှ အာမခံထားသူသိလိုသော အာမခံအမျိုးအစား တစ်ခုချင်းစီ၏ အသေးစိတ်အချက်အလက်များနှင့် ပရီမီယံကြေးများကို တွက်ချက်ပေးပါမည်။

အဆင့် -၆

ထို့နောက် အာမခံထားသူမှ ရွေးချယ်သော အာမခံအမျိုးအစားကို ၀န်ဆောင်မှုပေး၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အသေးစိတ်ထပ်မံ ရှင်းပြပေးပါမည်။

အဆင့် -၇

ဧရာမြန်မာအထွေထွေအာမခံမှ ၀န်ထမ်း (သို့) အာမခံကိုယ်စားလှယ်များမှ အာမခံထားသူ၏ အချက်အလက်များကို လိုအပ်သော စစ်ဆေးမှုများနှင့် အကဲဖြတ်မှုများ ပြုလုပ်ပြီးနောက် ပေါ်လစီထုတ်ပေးပါမည်။

အဆင့် -၈

အာမခံထားသူဘက်မှ ပရီမီယံကြေးစတင်ပေးသွင်းသည့် အချိန်မှစ၍ ပေါ်လစီစတင်အကျုံးဝင်မည် ဖြစ်ပါသည်။