Premium Calculator
Urgent Notice to Our Customer

Cash in Transit Insurance

စီးပွါးရေးလုပ်ငန်းရှင်များသည် မိမိတို့၏ ငွေသားများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရာတွင် လမ်းခရီး၌ပျောက်ဆုံးခြင်း၊ လုယက်ခြင်း၊ ခိုးယူခြင်းများကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန်ငွေပို့ငွေသယ်အာမခံကိုထားရှိရန်လိုအပ်ပါသည်။  အကာအကွယ်မထားရှိပါကစီးပွားရေးလုပ်ငန်းများသည်ငွေသားလွှဲပြောင်းစဉ်၌ပျောက်ဆုံးမှုဖြစ်နိုင်ကာ နေ့စဉ်စီးပွားရေးလုပ်ငန်းကိုအဟန့်အတားဖြစ်စေနိုင်ပါသည်။
စီးပွါးရေးလုပ်ငန်းရှင်များသည် မိမိတို့၏ ငွေသားများကို လွှဲပြောင်းပို့ဆောင်ရာတွင် မမျှော်လင့်သော အန္တရာယ်များအတွက်စိုးရိမ်ပူပန်လျက်ရှိနေပါသည်။ဧရာမြန်မာအာမခံတွင်ငွေပို့ငွေသယ်ခြင်းကို သူခိုးခိုးခြင်းကြောင့်လည်းကောင်း၊ လုယက်ခြင်းကြောင့်၎င်း လမ်းတစ်လျှောက်တွင်ငွေသားပျာက်ဆုံးခြင်းဖြစ်ပါက အာမခံထားသူများ မနစ်နာစေရန် အတွက် ဆုံးရှုံးမှုများကို အကာအကွယ်ပေးသော အာမခံဖြစ်သည်။

အကျိုးခံစားခွင့်များ

  • ငွေပို့ငွေသယ်စဉ်တွင် ဖြစ်လာသော မတော်တဆမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို အကာအကွယ်ပေးပါသည်။

အာမခံ သက်တမ်း

  • ခရီးတစ်ခေါက်ကြာချိန်(ငွေသားများကို စတင်သယ်ယူသည့် နေရာမှ ဆိုက်ရောက်သည့်နေရာသို့ ရောက်ရှိသည့် အချိန်ကာလအထိ)

အာမခံ ထားခွင့်ရှိသူ

  • တရားဝင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရရှိသူများနှင့် ငွေပို့ငွေသယ်ခွင့် ခွင့်ပြုချက်လိုင်စင်ရရှိပြီးသူများ အာမခံထားရှိနိုင်ပါသည်။

ပရီမီယံနှုန်းသတ်မှတ်ပုံ

  • အာမခံထားငွေ ကျပ် (၁၀၀၀) ပေါ်တွင် (ဝ.၁၇% မှ ၁.၉%) အထိ
  • ပရီမီယံပေးသွင်းခြင်း
  • ကျသင့်ပရီမီယံကို တစ်လုံးတည်းပေးသွင်းရပါမည်။
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore