Premium Calculator
Urgent Notice to Our Customer

Comprehensive Motor Insurance

မမျှော်လင့်သော အခြေအနေများတွင် ဖြစ်ပေါ်လာသော ယာဉ်အတော်တဆမှုကြောင့် ထိခိုက်ပျက်စီးမှုများကို အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။ အလုံးစုံမော်တော်ယာဉ် အာမခံသည် မိမိပေါ့ဆမှု အမှား ကြောင့်ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများနှင့် သူတစ်ပါးကြောင့်ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုများကို အကာအကွယ်ပေးပါသည်။ ယနေ့ခေတ် လူနေမှုဘဝတွင် မော်တော်ကားအစီးရေ တိုးတက်များပြားလာသည်နှင့်အမျှ မိမိ ချစ်သော မော်တော်ယာဉ်အတွက်လည်းစိတ်ပူပင်မှုများ ပိုမိုလာနိုင်ပါသည်။ ထိုစိုးရိမ်ပူပင်မှုများကို ကျွန်ုပ်တို့ AMI တွင် ကားအာမခံထားခြင်းဖြင့် လူကြီးမင်းတို့၏ နေ့စဉ်လူနေမှုဘဝကို စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ပါလိမ့်မည်။
ကျွန်ုပ်တို့၏ အလုံးစုံမော်တော်ယာဉ်အာမခံသည် ယာဉ်မတော်တဆတိုက်မိခြင်း၊ အတိုက်ခံရခြင်း၊ တိမ်းမှောက်ခြင်း၊ မတော်တဆမီးလောင်ခြင်း၊ မိုးကြိုးပစ်၍ မီးလောင်ခြင်း၊ ယာဉ်ပေါ်သို့ပစ္စည်းတစ်စုံတစ်ရာ ပြုတ်ကျမှုကြောင့် ပျက်စီးခြင်း၊ မသမာဖျက်ဆီးခံရခြင်းတို့ကို အကာအကွယ်ပေးပါသည်။ အလုံးစုံမော်တော်ယာဉ်အာမခံသည် သင်နှင့် သင့်မော်တော်ယာဉ်အတွက် ယုံကြည်စိတ်ချရသော အကာအကွယ်ကောင်းတစ်ခုဖြစ်မှာ အသေအချာ ပင်ဖြစ်ပါသည်။

ယာဉ်အမျိုးအစား

ကိုယ်ပိုင်၊ အငှား၊ အိမ်သုံး ၊လုပ်ငန်းသုံးယာဉ်အမျိုးမျိုး

အကျိုးခံစားခွင့်များ

၁။ မတော်တဆမှုများကြောင့် အာမခံထားသောယာဉ် ပျက်စီးဆုံးရှုံးမှုများ၏ ပြင်ဆင်စရိတ်များ (သို့) ဆုံးရှုံးမှုတန်ဖိုး

၂။ သေဆုံးမှု နှင့် ဒါဏ်ရာရရှိမှု များ

  • သေဆုံးမှု အကျိုးခံစားခွင့် – ကျပ် (၁၀) သိန်း
  • ဒါဏ်ရာရရှိမှု အကျိုးခံစားခွင့် – ပြည်သူ့ဆေးရုံ / ဆရာဝန်၏ ဆေးစာအရ ပေးလျော်ပါသည်။

၃။ သူတစ်ပါးထိခိုက်မှု

  • သေဆုံးမှု အကျိုးခံစားခွင့် – ကျပ် (၁၀) သိန်း
  • ဒါဏ်ရာရရှိမှု အကျိုးခံစားခွင့် – ပြည်သူ့ဆေးရုံ / ဆရာဝန်၏ ဆေးစာအရ ပေးလျော်ပါသည်။
  • အာမခံထားသောယာဉ် မတော်တဆမှုများကြောင့် အခြားယာဉ်နှင့်အရာဝတ္ထုများ ပျက်စီးဆုံးရှုံးမှုများ၏ ပြင်ဆင်စရိတ်များ (သို့) ဆုံးရှုံးမှုတန်ဖိုး
  • သူတစ်ပါးထိခိုက်မှု အတွက်ဖြစ်စဉ်တစ်ခုအတွက် အများဆုံးလျော်ကြေး မှာ ကျပ် သိန်း (၅၀၀) ဖြစ်သည်။

အာမခံ သက်တမ်း

  • (၃) လ၊(၆)လ၊ (၉)လ၊ (၁)နှစ်
  • သက်တမ်းကုန်ဆုံးလျှင်ပေါ်လစီကိုသက်တမ်းတိုးဆက်လက်ထားနိုင်ပါသည်။

သိကောင်းစရာများ

  • ယာဉ်၏ကာလပေါက်ဈေးထက်မပိုသောတန်ဖိုး
  • အာမခံထားသည့် ယာဉ်မတော်တဆတိုက်မိခြင်း၊ အတိုက်ခံရခြင်း တိမ်းမှောက်ခြင်း။
  • မီးလောင်ခြင်း၊ မိုးကြိုးပစ်၍ မီးလောင်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း။
  • ယာဉ်ပေါ်သို့ ပစ္စည်းတစ်စုံတစ်ခု ပြုတ်ကျခြင်း။
  • မသမာဖျက်ဆီးခံရခြင်း။
  • ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်စဉ်ပျက်စီးခြင်း။
  • အပိုအကာအကွယ်များ
  • လေကာမှန် ကွဲအက်ပျက်စီးခြင်း (ထားရှိရန်လိုအပ်ပါသည်။)
  • သပိတ်၊ ဆူပူအဓိကရုဏ်းဖြစ်ခြင်း (ထားရှိရန် လိုအပ်ပါသည်။
  • သဘာဝဘေးအန္တရာယ် (ရေကြီးခြင်း၊လေမုန်တိုင်းအမျိုးမျိုးတိုက်ခြင်း၊ မြေငလျင်လှုပ်ခြင်း)
  • စစ်နှင့်စစ်အသွင်။
  • ခိုးယူခြင်း။

အာမခံ ထားခွင့်ရှိသူ

  • ကညနတွင်မှတ်ပုံတင်ထားသောယာဉ်အားလုံး
  • ကိုယ်ပိုင်၊ အငှား၊ အိမ်သုံး၊ လုပ်ငန်းသုံးယာဉ်အမျိုးမျိုး

အာမခံတန်ဖိုး

  • ယာဉ်၏ ကာလပေါက်ဈေး

ပရီမီယံနှုန်းသတ်မှတ်ပုံ

  • ယာဉ်တန်ဖိုး
  • ယာဉ်အသုံးပြုပုံ
  • အင်ဂျင်ထုထည်၊သယ်ယူနိုင်သည့်ဝန်အား (Cubic Capacity) များအပေါ်တွင် အခြေခံ၍ သတ်မှတ်ပါသည်။

လျော်ကြေးမဲ့ဆု

လျော်ကြေးမဲ့ဆု ခံစားခွင့်ကို နှစ်စဉ်သက်တမ်းတိုးချိန်တွင်ခံစားခွင့်ရှိပါသည်။

လျော်ကြေးမဲ့ဆုနှုန်းထားများ

MotorMyan

အပိုအကာအကွယ်များ

  • လေကာမှန်ကွဲအက်ပျက်စီးခြင်း (မထားမနေရ)
  • သပိတ်၊ ဆူပူအဓိကရုဏ်ဖြစ်ခြင်း(မထားမနေရ)
  • သဘာဝဘေးအန္တရာယ်( ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မြေခလျင်လှုပ်ခြင်း)
  • စစ်ဘေးအန္တရာယ်
  • မော်တော်ယာဉ်ခိုးယူခံရခြင်း
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore