Premium Calculator

Public Life Insurance

ပြည်သူပြည်သား အသက်အာမခံဆိုသည်မှာ အိမ်ထောင်ဦးစီးနှင့် အဓိကဝင်ငွေ ရှာဖွေသူများမမျှော်လင့်သော အကြောင်းတရားကြောင့် ဒုက္ခနှင့်ကြုံဆုံကြရာတွင် အသက်အာမခံထားရှိပါက ကျန်ရစ်သူများအတွက် ငွေကြေးကိစ္စ မပြေလည်ခြင်းမှ ကင်းဝေးစေခြင်း၊ သက်တမ်းစေ့သည်အထိ ရှင်သန်ခဲ့သော် အနှစ်နှစ်အလလ စုဆောင်းထားသော မိမိငွေကို တစ်လုံးတည်းပြန်လည်ထုတ်ယူခြင်း၊ အိုမင်းမစွမ်းဘဝအတွက် အထောက်အပံ့ကို ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

အာမခံအကာအကွယ်များ

  • သေဆုံးခြင်း
  • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း

အကျိုးခံစားခွင့်များ

  • သေဆုံးခြင်း နှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း
  • အမ်းငွေ
  • ချေးငွေ
  • စာရင်းပိတ်ငွေ

အာမခံ သက်တမ်း

  • အနည်းဆုံး (၅) နှစ်မှ အများဆုံး (၄၅) နှစ်

သိကောင်းစရာများ

  • အနည်းဆုံး ကျပ် ၅၀၀၀၀ အများဆုံး ကျပ် သိန်းသုံးရာ
  • အသက်၊ အာမခံထားငွေ၊ အာမခံသက်တမ်း အပေါ်မူတည်၍ ဆေးစစ်ခြင်းကို ပြုလုပ်ပါမည်။

အာမခံ ထားခွင့်ရှိသူ

  • အသက် (၁၀) နှစ်မှ (၅၅) နှစ်အထိ မည်သူမဆို အာမခံထားရှိနိုင်ပါသည်။

အာမခံထားငွေ

  • အနည်းဆုံး ကျပ် (၅၀,၀၀၀) မှ အများဆုံး ကျပ် သိန်း (၃၀၀) အထိ

ပရီမီယံနှုန်း

  • အာမခံထားသူ၏ အသက်၊ အာမခံသက်တမ်း၊ အာမခံထားငွေတို့ အပေါ်မူတည်၍ သတ်မှတ်ပါသည်။
  • လစဉ်၊ (၃) လ၊ (၆) လ၊ (၁) နှစ် ပေးသွင်းနိုင်ပါသည်။
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore