Premium Calculator
Urgent Notice to Our Customer

Fire Insurance

နေအိမ်အဆောက်အဦးများ နှင့် အခြားသော ပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းများကို မီးနှင့် မီးကြောင့်ဆက်နွယ်သော အခြားအန္တရာယ်များ ကျရောက်ခဲ့ပါက ထိုပျက်စီးဆုံးရှုံးမှုများကို အကာအကွယ်ပေးသော အာမခံအမျိုးအစား ဖြစ်ပါသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးသွားသော အဆောက်အဦးများအား ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်း နှင့် တည်ဆောက်ခြင်းတို့မှ ကုန်ကျသော ငွေကြေးတန်ဖိုးနှင့် အဆောက်အဦး၊ စက်ရုံနှင့် သိုလှောင်ရုံအတွင်းရှိ ရွေ့လျားနိုင်သော ပစ္စည်းများ၊ မရွေ့လျားနိုင်သောပစ္စည်းများ ဖြစ်သော ပရိဘောဂများ၊ စက်ပစ္စည်းများနှင့်အဆောက်အဦးများကို အကာအကွယ်ပေးပါသည်။

မီးအာမခံသည်မီးလောင်မှုကြောင့်ဖြစ်သော ငွေကြေးဆုံးရှုံးမှုများကို ပေးလျော်ခြင်းဖြင့်အဆောက်အဦး၊ အိမ်နှင့် ပစ္စည်းဥစ္စာ ပိုင်ရှင်များအား စိတ်ချမ်းသာမှုကို ပေးဆောင်နိုင်သောကြောင့် မီးအာမခံကို ထားရှိသင့်ပါသည်။ အိမ်ပိုင်ရှင်၊ အိမ်ကို ဖက်စပ်ဝယ်ယူသော ပိုင်ရှင်၊ အိမ်ပိုင်ရှင်၏ ဇနီး၊ ခင်ပွန်းနှင့် အိမ်ကို ချေးငွေဖြင့်ဝယ်ယူထားသော သူများ မီးအာမခံပေါ်လစီကို ဝယ်ယူနိုင်ပါသည်။ ထို့ကြောင့် သင်တို့၏ ပိုင်ဆိုင်မှုများကို မီးအာမခံဖြင့် ကာကွယ်လိုက်ပါ။

ရရှိမည့်အကာအကွယ်များ

    • မတော်တဆမီး၊ ပေါ့ဆမီး
    • ကူးစက်မီး၊ မိုးကြိုးပစ်ခြင်းကြောင့် လောင်သောမီး
    • အိမ်သုံးဓာတ်ငွေ့ ယိုစိမ့်ပေါက်ကွဲမှုကြောင့်လောင်သောမီး။

အကျိုးခံစားခွင့်များ

  • မီးအာမခံအပိုအကာအကွယ် ယူထားသော ပစ္စည်းများ လုံးဝ (သို့)တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ပါက အချိုးကျ တန်ဖိုးအရ ပေးလျော်ပါမည်။

မီးအာမခံထားနိုင်သော အရာဝတ္တုများ

အဆောက်အအုံ၏

  • အတန်းအစား (တည်ဆောက်ပုံ)
  • တည်ရှိပုံ (ပတ်ဝန်းကျင် အခြေအနေ)
  • အသုံးပြုပုံ (နေအိမ်၊ ကျောင်း၊ ဆိုင်)များအပေါ်တွင် အခြေခံ၍ သတ်မှတ်ပါသည်။

အာမခံ သက်တမ်း

  • အာမခံထားသူစိတ်ကြိုက် သက်တမ်း(၁၀) ရက်မှ(၁)နှစ်အထိ ရွေးချယ်ထားနိုင်ပါသည်။

သိကောင်းစရာများ

  • အတန်းအစား (တည်ဆောက်ပုံ)
  • တည်ရှိပုံ (ပတ်ဝန်းကျင်အခြေအနေ)
  • အသုံးပြုပုံ (နေအိမ်၊ ကျောင်း၊ ဆိုင်)များပေါ်တွင် အခြေခံ၍ သတ်မှတ်ပါသည်။

အပိုအကာအကွယ်များ

  • အဓိကရုဏ်း၊မီးအပါအဝင် အဓိကရုဏ်းဆီးမှု၊ မသမာဖျက်စီးမှု (၀.၀၆%)
  • လေယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း (၀.၁၀%)
  • ကုန်းလမ်းသွားယာဉ်များကြောင့် ထိခိုက်ပျက်စီးခြင်း(၀.၁၀%)
  • မြေကျွံ၊ မြေပြိုခြင်း (၀.၁၀%)
  • မြေငလျင်မီး။ မီးအပါအဝင် ငလျင်ကြောင့် ပြိုအက်ပျက်စီးမှု (၀.၁၀%)
  • ပေါက်ကွဲပျက်စီးခြင်း (၀.၁၀%)
  • အလိုအလျောက်မီးစွဲလောင်မှု (၀.၀၈%)
  • လေမုန်တိုင်းအမျိုးမျိုး (၀.၂၀%- ၀.၂၅%)
  • ရေကြီးခြင်း၊ ရေလျှံခြင်း (၀.၁၀%)
  • ဖောက်ထွင်းခိုးယူခြင်း(၀.၂၅% – ၁.၀၀%)
  • စစ်ဘေးအန္တရာယ် (၀.၁၀%) ထပ်မံကောက်ခံပါမည်။

အာမခံ ထားခွင့်ရှိသူ

  • အဆောက်အအုံအမျိုးမျိုး(လူနေအိမ်၊စက်ရုံ အလုပ်ရုံ၊ သိုလှောင်ရုံ၊ ဈေး၊ ပရိဘောဂ၊ စက်ပစ္စည်းအမျိုးမျိုး)
  • သိုလှောင်ကုန် (ရွေ့ပြောင်းနိုင်သောပစ္စည်း၊မရွေ့ပြောင်းနိုင်သောပစ္စည်းများကိုဆိုလိုသည်)

ပရီမီယံနှုန်းထားများ

  • ပရီမီယံနှုန်းကောက်ခံရာတွင် အတန်းအစား (တည်ဆောက်ပုံ) ၊ တည်ရှိပုံ (ပတ်ဝန်းကျင်အခြေအနေ) အသုံးပြုပုံ (နေအိမ်၊ ကျောင်း၊ ဆိုင်)များပေါ်တွင် အခြေခံ၍ သတ်မှတ်ပါသည်။
  • ၀.၁၃% (အနိမ့်ဆုံး) ၊ ၃.၅၀% (အများဆုံး)
  • ကျသင့်ပရီမီယံငွေကို တစ်လုံးတည်းပေးသွင်းရပါမည်။

သာမာန်မီးအာမခံအကာအကွယ်များ

  • မတော်တဆမီး၊ ပေါ့ဆမီး၊ ကူးစက်မီး၊
  • မိုးကြိုးပစ်၍ လောင်ကျွမ်းသောမီး၊
  • အိမ်သုံးဓါတ်ငွေ့ ယိုစိမ့်ပေါက်ကွဲမှုကြောင့်လောင်သောမီး

လျော်ကြေးမဲ့ဆု

  • ပထမနှစ် အာမခံသက်တမ်းအတွင်း ဆုံးရှုံးမှု လျော်ကြေးမရှိပါက ဒုတိယနှစ်မီးအာမခံသက်တမ်း ဆက်သည့်အခါတွင် ပထမနှစ် ပရီမီယံ ငွေ၏ ၂၅% အားလျော်ကြေးမဲ့ဆုအဖြစ် ခံစားခွင့်ပြုပါသည်။

လျော်ကြေးမဲ့ဆုနှုန်းထားများ

FireEng
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore