Premium Calculator

Group Life Insurance

စုပေါင်းအသက်အာမခံဆိုသည်မှာကုမ္ပဏီဝန်ထမ်းများ၊စက်ရုံ၊အလုပ်ရုံမှဝန်ထမ်းများ၊ကာယ၊ဉာဏအလုပ်သမားများမှမိမိတို့ကိုယ်တိုင်သော်လည်းကောင်း၊ ကုမ္ပဏီပိုင်ရှင်၊ လုပ်ငန်းရှင်မှသော်လည်းကောင်း စုပေါင်းထားရှိရသည့်အာမခံအမျိုးအစားဖြစ်ပါသည်။စုပေါင်းအသက်အာမခံသည်“ဝန်ထမ်းများ၏သာရေး၊နာရေးဖော်ဆောင်ဖို့အလုပ်ရှင်များကကြိုးပမ်းစို့”တာဝန်ရှိမှုအရမမျှော်လင့်သောအကြောင်းတရားများနှင့်ကြုံလာခဲ့ပါကအာမခံလက်ခံသည့်ကုမ္ပဏီများသို့တာဝန်လွှဲပြောင်းခြင်းဖြင့်ဝန်ထမ်းအားလုံး၏လူမှုရေးတာဝန်ကိုစောင့်ရှောက်ပေးနိုင်မည်ဖြစ်ပါသည်။

အာမခံအကာအကွယ်

စုပေါင်းအသက်အာမခံထားသူဝန်ထမ်းသည် အာမခံသက်တမ်းအတွင်း မည်သည့်နေရာ၊ မည်သည့်အကြောင်း ကြောင့်မဆို သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းအတွက် ၂၄/၇ နာရီလုံး အကာအကွယ်ပေးသည့် အာမခံအမျိုးအစားဖြစ်ပါသည်။

  • သေဆုံးခြင်း
  • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
  • ထိခိုက်ဒဏ်ရာရခြင်း

ထိခိုက်ဒဏ်ရာရခြင်းအတွက် အောက်ဖော်ပြပါအတိုင်း အာမခံထားငွေပေါ်ရာခိုင်နှုန်းအလိုက် အကျိုးခံစားခွင့်ရှိပါသည်။

marineCago

အာမခံ သက်တမ်း

  • (၁) နှစ်

သိကောင်းစရာများ

  • အာမခံထားသူ သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်လျှင် အာမခံထားငွေအတိုင်းရရှိမည့် ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှ ရခွင့်ရှိခြင်း
  • အာမခံထားသူ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်အပေါ် အခြေခံ၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်အတိုင်း ရခွင့်ရှိခြင်း
  • အာမခံထားငွေ ကျပ်(၁၀)သိန်းအထက်နှင့် အသက် (၄၅) နှစ် အထက်ရှိသူများဧရာမြန်မာအာမခံမှ သတ်မှတ်ထားသည့်ဆေးရုံတွင် ဆေးစစ်ရပါမည်။
  • အာမခံထားသူဦးရေ အားလုံးစုပေါင်း၍ ကုမ္ပဏီပိုင်ရှင်(သို့) အလုပ်ရှင်အား ပေါ်လစီစာချုပ်တစ်စောင်သာ ထုတ်ပေးပါသည်။
  • စုပေါင်းအသက်အာမခံကို အနည်းဆုံးအလုပ်သမား (၅) ဦးရှိမှသာ လက်ခံပါမည်။

အာမခံ ထားခွင့်ရှိသူ

• အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းမည်သူမဆို အာမခံထားနိုင်ပါသည်။ • စုပေါင်းအသက်အာမခံအတွက်အနည်းဆုံး လူ(၅) ဦးရှိရပါမည်။

အာမခံထားငွေ

အနည်းဆုံး ကျပ် (၁၀,၀၀၀) မှ အများဆုံး ကျပ် သိန်း ၅၀ အထိ

ပရီမီယမ်

• အာမခံထားငွေ၏ ၁%

လျော်ကြေးမရနိုင်သည့်အချက်များ

• မိမိကိုယ်ကိုသတ်သေခြင်း • မူးယစ်ဆေးဝါးသုံးစွဲခြင်း •အာမခံထားသူများစာရင်းတွင်ပါသောအလုပ်သမားတစ်ဦးသည်လုပ်ငန်းခွင်မှအပြီးထွက်သွားလျှင်သော်လည်းကောင်း၊ယင်းနေ့ရက်နောက်ပိုင်းဖြစ်ပေါ်လာသောသေဆုံးခြင်းနှင့်ဒဏ်ရာရခြင်းအတွက်နစ်နာကြေးရခွင့်မရှိပါ။ • အလုပ်သမားကိုယ်တိုင် ပြစ်မှုကျူးလွန်ရာမှ ထိခိုက်ဒဏ်ရာရရှိခြင်း အတွက် နစ်နာကြေးရခွင့် မရှိပါ။ • အလုပ်သမားကိုယ်တိုင် ဒဏ်ရာရရှိအောင် ဆောင်ရွက်ခြင်းမှရရှိသော ဒဏ်ရာအတွက် နစ်နာကြေးရခွင့် မရှိပါ။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore