Premium Calculator

24 ကျန်းမာရေးအာမခံ “ဆေးကုသစရိတ်လျော့နည်းဖို့ ကျန်းမာရေးအာမခံထားကြစို့” “ကျန်းမာရေးအာမခံသည် ဆေးရုံတက်ခြင်းကြောင့် အပိုစရိတ်များ ကုန်ကျခြင်းမှ အထိုက်အလျောက် သက်သာစေရန် ဆေးရုံစရိတ်အား ထုတ်ပေးသည့် အာမခံအမျိုးအစားဖြစ်ပါသည်။”

အကျိုးခံစားခွင့်များ

  • အခြေခံအာမခံအကာအကွယ်(အခြေခံယူနစ်)
    • ဆေးကုသရန်ရည်ရွယ်ချက်ဖြင့်ဆေးရုံတက်ခြင်း
      • ဆေးရုံတက်ရက် (၁)ရက် လျှင် ကျပ် ၂၀,၀၀၀ (အများဆုံး ရက်ပေါင်း ၆၀ထိသာ)
    • မတော်တဆထိခိုက်သေဆုံးခြင်း
      • ကျပ် ၂,၀၀၀,၀၀၀
    • ရောဂါကြောင့်သေဆုံးခြင်း
      • ကျပ် ၁,၀၀၀,၀၀၀
    • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
      • ကျပ် ၁,၀၀၀,၀၀၀
  • အခြေခံအာမခံအကာအကွယ် (ထပ်ပေါင်း ယူနစ်)
    •  ဆေးကုသရန်ရည်ရွယ်ချက်ဖြင့်ဆေးရုံတက်ခြင်း
      • ဆေးရုံတက်ရက် (၁)ရက် လျှင် ကျပ် ၁၀,၀၀၀ (အများဆုံး ရက်ပေါင်း ၆၀ထိသာ)
    • မတော်တဆထိခိုက်သေဆုံးခြင်း
      • ကျပ် ၁,၀၀၀,၀၀၀
    • ရောဂါကြောင့်သေဆုံးခြင်း
      • ကျပ် ၁,၀၀၀,၀၀၀
    • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
      • ကျပ် ၁,၀၀၀,၀၀၀
  • ရွေးချယ်နိုင်သည့်အာမခံအကာအကွယ် (၁)
    • ခွဲစိတ်ကုသခြင်း
      • တစ်ယူနစ်လျှင် ကျပ် ၅၀၀,၀၀၀
  • ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်(၂)
    • ပြင်းထန်သောရောဂါကုသခြင်း (ပထမဆုံးအကြိမ်ဖြစ်သော ကင်ဆာ/ ရုတ်တရက်ဖြစ်သော နှလုံးသွေးကြောပိတ်ရောဂါ/ လေဖြတ်ခြင်းကြောင့် ဆေးရုံတက်ခြင်း)
      • တစ်ယူနစ်လျှင် ကျပ် ၁,၀၀၀,၀၀၀

အာမခံ သက်တမ်း

  • (၁) နှစ်၊ (တစ်နှစ်ပြည့်ရက် ည၁၂နာရီတွင် သက်တမ်းကုန်ဆုံးပါသည်)အာမခံကြေးစတင်ပေးသွင်းသည့် နေ့မှစ၍ သက်တမ်းစပါသည်။

သိကောင်းစရာများ

  • အခြေခံအကာအကွယ် (အခြေခံယူနစ်) သည် (၁)ယူနစ် ဝယ်ယူနိုင်ပါသည်။
  • အခြေခံအကာအကွယ် (ထပ်ပေါင်းယူနစ်)သည် (၁)ယူနစ်မှ အများဆုံး (၈)ယူနစ်ထိဝယ်ယူနိုင်ပါသည်။
  • ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်(၁)နှင့် (၂)သည် (၁)ယူနစ်မှ အများဆုံး(၁၀)ယူနစ်ထိ ဝယ်ယူနိုင်ပါသည်။
  • အခြေခံအာမခံအကာအကွယ်နှင့် ရွေးချယ်နိုင်သည့်အာမခံအကာအကွယ် (၁),(၂)တို့ကို တွဲဖက်၍ ဝယ်ယူနိုင်သည်။ ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်ကို သီးခြားမရောင်းပါ။
  • ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်များကို ဝယ်ယူထားသော အခြေခံအာမခံအကာအကွယ် ထပ်ပေါင်းယူနစ် အရေအတွက် + ၂ အထိသာဝယ်ယူနိုင်သည်။

အာမခံ ထားခွင့်ရှိသူ

  • အသက် (၆)နှစ်မှ (၆၅)နှစ်အတွင်းရှိသူ (အသက် (၆)နှစ်မှ (၁၈)နှစ်အထိအတွက် မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။)
  • မြန်မာနိုင်ငံသား၊ နိုင်ငံခြားသား (တရားဝင်နေထိုင်ခွင့်ရှိသူ)

ပရီမီယမ်

  • ပရီမီယံနှုန်းထားများသည် အသက်အုပ်စုပေါ်အခြေခံ၍ ကွဲပြားပါသည်။
Visit Us On Google Plus
Visit Us On Youtube
Visit Us On Facebook
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore