Premium Calculator

Life Products

FAQ Banner

မေး။ အာမခံလုပ်ငန်းနှင့်ပတ်သတ်၍ ဆက်သွယ်မေးမြန်းလိုပါက မည်သို့ဆက်သွယ်ရမည်နည်း။

ဖြေ။ ဧရာမြန်မာအာမခံ ရန်ကုန်ရုံးချုပ်လိပ်စာမှာ အမှတ် (၂၃)၊ ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၉-၉၇၇ ၃၇၃ ၀၀၀ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။

မေး။ အာမခံပေါ်လစီသည် မည်သည့်အချိန်တွင် စတင်အကျုံးဝင်သနည်း။

ဖြေ။ ပရီမီယံကြေး စတင်ပေးသွင်းသည့်အချိန်မှစ၍ အကျုံးဝင်ပါသည်။ ပရီမီယံကြေးကို နီးစပ်ရာ ဧရာမြန်မာ အာမခံ(AMI) ရုံးခွဲများနှင့် AYA Bank ရုံးခွဲများတွင် ပေးသွင်းနိုင်ပါသည်။

စုပေါင်းအသက်အာမခံ

မေး။ စုပေါင်းအသက်အာမခံ ဆိုသည်မှာ အဘယ်နည်း။
ဖြေ။ စုပေါင်းအသက်အာမခံသည် အဖွဲ့အစည်းများရှိ ဝန်ထမ်းများ၊ အလုပ်သမားများအနေဖြင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှုများကြောင့် ဖြစ်ပေါ်လာမည့် မိသားစုစီးပွါးရေး အခက်အခဲများကို ပြေလည်စေရန် အထောက်အပံ့ ပေးသော အာမခံ အမျိုးအစားတစ်ခုဖြစ်ပါသည်။

မေး။ စုပေါင်းအသက်အာမခံကို မည်သူတွေ ဝယ်ယူနိုင်ပါသနည်း။
ဖြေ။ ဝန်ထမ်းများ၊ အလုပ်သမားများ စုပေါင်း၍ ဝယ်ယူနိုင်ပါသည်။

မေး။ စုပေါင်းအသက်အာမခံ ထားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အဘယ်နည်း။
ဖြေ။ သေဆုံးမှုအကျိုးခံစားခွင့် (အာမခံထားငွေကို တစ်လုံးတည်းရရှိနိုင်ခြင်း) ၊ ထာဝစဉ်မသန်မစွမ်း အကျိုးခံစားခွင့် (အာမခံထားငွေကို တစ်လုံးတည်းရရှိနိုင်ခြင်း) ၊ ဒဏ်ရာရရှိမှုအကျိုးခံစားခွင့် (ဒဏ်ရာရရှိမှုအတွက် သတ်မှတ်ထားသော ရာခိုင်နှုန်းအရ ရရှိနိုင်ခြင်း)

မေး။ စုပေါင်းအသက်အာမခံတွင် ထွက်သွားသော ဝန်ထမ်းအတွက် အစားထိုးဝင်ရောက်လာသော ဝန်ထမ်းသည် (၁)နှစ်စာ အကျုံးဝင်ပါသလား။ ကျန်တဲ့လအတွက်ဘဲအကျုံးဝင်တာလား။
ဖြေ။ အစားထိုးဝင်ရောက်လာသောဝန်ထမ်းသည် ကျန်ရှိနေသော ပေါ်လစီသက်တမ်းအတွက်သာ အကျုံးဝင်ပါသည်။

မေး။ စုပေါင်းအသက်အာမခံတွင် အလုပ်ခွင်ပြင်ပတွင် အတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့လျှင် အကျိုးခံစားခွင့်ရှိပါသလား။
ဖြေ။ အကျိုးခံစားခွင့်ရှိပါသည်။ ထိခိုက်ဒဏ်ရာရရှိမှုအတွက် ကုသမှုပြီးပြတ်ချိန်တွင် ဆေးမှတ်တမ်းစာအုပ်၊ အကျိုးခံစားခွင့်တောင်းခံလွှာတို့တွင် ပြည့်စုံစွာဖြည့်စွက်၍ (၁)လအတွင်းတောင်းခံနိုင်ပါသည်။

မေး။ စုပေါင်းအသက်အာမခံတွင် နိုင်ငံခြားသားများထားခွင့်ရှိပါသလား။
ဖြေ။ အသက် (၁၈) နှစ်မှ (၆၀)နှစ်အတွင်း မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ရှိသူ နိုင်ငံခြားသားများ ထားရှိနိုင်ပါသည်။

မေး။ စုပေါင်းအသက်အာမခံတွင် ဒဏ်ရာရရှိမှုအတွက် အကျိုးခံစားခွင့်အား မည်သို့ ပေးပါသနည်း။
ဖြေ။ ဆရာဝန်၏ ထောက်ခံချက်ပေါ်မူတည်၍ ရာခိုင်နှုန်းအလိုက်အကျိုးခံစားခွင့်ထုတ်ပေးပါသည်။

မေး။ စုပေါင်းအသက်အာမခံတွင် အရေအတွက်ကန့်သတ်ထားခြင်းရှိပါသလား။
ဖြေ။ စုပေါင်းအသက်အာမခံတွင် ဝန်ထမ်း အနည်းဆုံး (၅) ဦးမှစ၍ ထားခွင့်ရှိပါသည်။

မေး။ စုပေါင်းအသက်အာမခံတွင် အာမခံထားသူဝန်ထမ်း ရောဂါကြောင့် သေဆုံးပါက အကျိုးခံစားခွင့်ရရှိနိုင်ပါသလား။
ဖြေ။ အကျိုးခံစားခွင့်ရရှိနိုင်ပါသည်။

ပြည်သူပြည်သား အသက်အာမခံ

မေး။ ပြည်သူပြည်သားအသက်အာမခံတွင် ပရီမီယံ မည်သို့တွက်ချက်သနည်း။
ဖြေ။ အာမခံထားသူ၏ အသက်၊ အာမခံသက်တမ်း၊ အာမခံထားငွေပေါ်မူတည်၍ တွက်ချက်ပါသည်။

မေး။ ပြည်သူပြည်သားအသက်အာမခံတွင် ပရီမီယံ မည်သို့ ပေးသွင်းရမည်နည်း။
ဖြေ။ လစဉ် (၃)လ၊ (၆)လ၊ (၁) နှစ် စသည်ဖြင့် ကြိုက်နှစ်သက်သလို ပေးသွင်းနိုင်ပါသည်။

မေး။ နှစ်စေ့ငွေဆိုသည်မှာအဘယ်နည်း။
ဖြေ။ အာမခံသက်တမ်း ပြည့်သည့်အချိန်တွင် ပြန်လည်ထုတ်ပေးသော အာမခံထားငွေဖြစ်ပါသည်။

မေး။ ပြည်သူပြည်သားအသက်အာမခံ ပရီမီယံကို မည်ကဲ့သို့ပေးသွင်းရမည်နည်း။
ဖြေ။ ဧရာမြန်မာအာမခံ (ရုံးချုပ်၊ ရုံးခွဲ)များတွင် လည်းကောင်း၊ AYA Bank mobile banking or internet banking ဖြင့်လည်းကောင်း၊ နီးစပ်ရာ AYA Bankများတွင်လည်းကောင်းပေးသွင်းနိုင်ပါသည်။

မေး။ ပြည်သူပြည်သားအသက်အာမခံတွင် မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရရှိလျှင် အကျိုးခံစားခွင့်ရှိပါသလား။
ဖြေ။ ဒဏ်ရာရရှိမှုအတွက် အကျိုးခံစားခွင့် မရှိပါ။

မေး။ ပြည်သူပြည်သားအသက်အာမခံတွင် သေဆုံးမှုအတွက် အကျိုးခံစားခွင့်ကို သေဆုံးမှုဖြစ်ပွားပြီး ဘယ်နှစ်ရက်အတွင်းအကြောင်းကြားရမည်နည်း။
ဖြေ။ သေဆုံးမှုဖြစ်ပွားသည့်အချိန်မှ (၁) လအတွင်း အမြန်ဆုံးအကြောင်းကြားရန်လိုအပ်ပါသည်။

မေး။ မတော်တဆမှုနှင့် ကြုံတွေ့ပါကမည်သို့ဆောင်ရွက်ရမည်နည်း။
ဖြေ။ မတော်တဆမှုနှင့် ကြုံ တွေ့ပါက ဧရာမြန်မာအာမခံ အရေးပေါ် ဖုန်းနံပါတ် ၀၉-၄၉၃၀၅၂၂၄ သို့ချက်ချင်းအကြောင်းကြားရန်နှင့် အခင်းဖြစ်ရာနေရာသို့ ရောက်လာမည့် AMI ဝန်ထမ်းများ၏ လမ်းညွှန်မှု အတိုင်းတိကျစွာ လိုက်နာဆောင်ရွက် ရပါမည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

မေး။ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံတွင် ပရီမီယံကိုမည်သို့ပေးသွင်းရမည်နည်း။
ဖြေ။ လစဉ်၊(၃)လ၊(၆)လ၊(၁)နှစ်စသည်ဖြင့်ကြိုက်နှစ်သက်သလိုပေးသွင်းနိုင်ပါသည်။

မေး။ ပရီမီယံအားမည်ကဲ့သို့ပေးသွင်းရမည်နည်း။
ဖြေ။ ပရီမီယံအား ဧရာမြန်မာအာမခံ(ရုံးချုပ်/ရုံးခွဲ များ)တွင်လည်းကောင်း၊ AYA Bank Mobile banking (or) internet banking တွင်လည်းကောင်း၊နီးစပ်ရာ AYA Bank ခွဲများတွင်လည်းကောင်းပေးသွင်းနိုင်ပါသည်။

မေး။ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ၏ပရီမီယံအားမည်သို့တွက်ချက်သနည်း။
ဖြေ။ အာမခံထားသူ၏အသက်၊အာမခံထားငွေ၊အာမခံသက်တမ်းပေါ်တွင်မူတည်၍တွက်ပါသည်။

မေး။ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံတွင် မတော်တဆထိခိုက်မှုများကြောင့်ဒဏ်ရာ ရရှိလျှင် အကျိုးခံစားခွင့်ရှိပါသလား။
ဖြေ။ မတော်တဆမှုများကြောင့် ဒဏ်ရာ ရရှိလျှင် အကျိုးခံစားခွင့်မရှိပါ။

မြွေအန္တရာယ် အာမခံ

မေး။ မြွေအန္တရာယ် အာမခံ ထားရှိရာတွင် ဆေးစစ်ရန်လိုအပ်ပါသလား။
ဖြေ။ မလိုအပ်ပါ။ အဆိုလွှာတွင် ပြည့်စုံစွာဖြည့်၍ အာမခံထားရှိနိုင်ပါသည်။

မေး။ တောင်သူလယ်သမားအာမခံနှင့် မြွေအန္တရာယ် အာမခံ တစ်ပြိုင်တည်း ဝယ်ယူထားပါက အကယ်၍ အာမခံထားသူသည် မြွေကိုက်ခံရ၍ အသက်သေဆုံးခဲ့သော် မည်သို့အကျိုးခံစားခွင့်ရမည်နည်း။
ဖြေ။ တောင်သူလယ်သမားအာမခံနှင့် မြွေအန္တရာယ် အာမခံ တို့မှ အသက်သေဆုံးမှုအတွက် အကျိုးခံစားခွင့်ရပါသည်။

မေး။ မြွေအန္တရာယ်တွင် ပရီမီယံကို မည်သို့ပေးသွင်းရမည်နည်း။
ဖြေ။ ကျသင့် ပရီမီယံကို တစ်ကြိမ်တည်း ပေးသွင်းရပါမည်။

မေး။ မြွေအန္တရာယ် အာမခံတွင် မြွေအန္တရာယ်ကြောင့် ဆေးဝါးကုသမှု ခံယူရပါက အကျိုးခံစားခွင့် မည်သို့ ရရှိပါသနည်း။
ဖြေ။ မြွေကိုက်ခံရခြင်းကြောင့် တစ်ယူနစ်လျှင် ဆေးရုံ၊ ဆေးခန်းတက်ရောက် ကုသရခြင်းအတွက် သယ်ယူပို့ဆောင်စရိတ် ကျပ် ၅,၀၀၀ တိတိ၊ ဆေးရုံတက်ရက် တစ်ရက်လျှင် ကျပ် ၁,၀၀၀ နှုန်းများဖြင့် အများဆုံး(၇) ရက် ထိ အပါအဝင် ဆေးဝါးကုသစရိတ် အများဆုံး ကျပ် ၈၀,၀၀၀ အထိ အကျိုးခံစားခွင့် ရရှိပါမည်။

မေး။ မည်သူတို့ မြွေအန္တရာယ် အာမခံ ထားရှိနိုင်သနည်း။
ဖြေ။ အသက် ကန့်သတ်ချက်မရှိ (ကျား/မ) မရွေး ထားရှိနိုင်ပါသည်။

မေး။ အကျိုးခံစားခွင့် ထုတ်ယူပြီးနောက် မြွေအန္တရာယ် အာမခံ ထပ်မံဝယ်ယူရန် လိုအပ်ပါသလား။
ဖြေ။ ထပ်မံဝယ်ယူရပါမည်။

ကျန်းမာရေးအာမခံ

မေး။ ကျန်းမာရေးအာမခံထားရှိရန်အတွက် ဆေးစစ်ရန်လိုအပ်ပါသလား။
ဖြေ။ မလိုအပ်ပါ။ ကျန်းမာရေးအာမခံအဆိုလွှာတွင် ဖွင့်ဟကြော်ငြာချက်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍ ထားရှိနိုင်ပါသည်။

မေး။ ကျန်းမာရေးအာမခံတွင် ဆေးရုံတက်နေစဉ် သေဆုံးသွားပါက မည်သည့်အကျိုးခံစားခွင့်ရရှိမည်နည်း။
ဖြေ။ ဆေးရုံတက်စရိတ်နှင့် ရောဂါကြောင့်သေဆုံးမှုအတွက် အကျိုးခံစားခွင့်ရရှိပါမည်။

မေး။ ကျန်းမာရေးအာမခံဝယ်ယူထားပြီး နိုင်ငံခြားတွင် ဆေးရုံတက်ရောက်ရပါက ဆေးရုံတက်စရိတ်ရရှိနိုင်ပါသလား။
ဖြေ။ မရရှိနိင်ပါ။

မေး။ ကျန်းမာရေးအာမခံ ဝယ်ယူထားသောသူသည် လူမှုဖူလုံရေးဆေးရုံ (သို့) အခမဲ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူပါက ဆေးရုံတက်အကျိုးခံစားခွင့်ရရှိနိုင်ပါသလား။
ဖြေ။ ရရှိနိုင်ပါသည်။

မေး။ ကျန်းမာရေးအာမခံထားရှိရန်အတွက် မည်သို့ဆောင်ရွက်ရမည်နည်း။
ဖြေ။ ကျန်းမာရေးအာမခံအဆိုလွှာတွင် ပြီးပြည့်စုံစွာဖြည့်စွက်၍ ကျန်းမာရေးအာမခံထားရှိနိုင်ပါသည်။

မေး။ ပြင်းထန်သောရောဂါကုသမှုတွင် မည်သည့်ရောဂါများ ပါဝင်ပါသနည်း။
ဖြေ။ ပထမဆုံးဖြစ်သော ကင်ဆာကုသမှု၊ ရုတ်တရက်ဖြစ်သော နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့အတွက်ကုသမှုများ ဖြစ်ပါသည်။

အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ

မေး။ အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ ထားရှိရန်အတွက် ဆေးစစ်ရန်လိုအပ်ပါသလား။
ဖြေ။ ဆေးစစ်ရန် မလိုအပ်ပါ။

မေး။ အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ ထားရှိပါက မည်သို့သော အကျိုးခံစားခွင့်များ ရရှိနိုင်သနည်း။
ဖြေ။ အားကစားလေ့ကျင့်စဉ်နှင့် ယှဉ်ပြိုင်နေစဉ် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများအတွက် အကျိုးခံစားခွင့်များရရှိနိုင်ပါသည်။

မေး။ မည်သူတို့ အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ ထားရှိနိုင်သနည်း။
ဖြေ။ အသက်(၁၀) နှစ်မှ (၆၀)နှစ် အတွင်းရှိသူ အားကစားသမားတိုင်း ထားရှိနိုင်ပါသည်။

မေး။ အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအာမခံတွင် ပရီမီယံ မည်သို့ ပေးသွင်းရမည်နည်း။
ဖြေ။ ကျသင့်ပရီမီယံကို တစ်ကြိမ်တည်းပေးသွင်းရပါမည်။

မေး။ အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအာမခံကို မည်သည့်နေရာတွင် ဝယ်ယူနိုင်သနည်း။
ဖြေ။ ဧရာမြန်မာ အာမခံရုံးချုပ်၊ ရုံးခွဲများနှင့် ဧရာမြန်မာအာမခံ၏ Service Counter များတွင် အဆိုလွှာကို ဖြည့်စွက်၍ ဝယ်ယူနိုင်ပါသည်။

မေး။ အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ မည်သို့ထားရှိရမည်နည်း။
ဖြေ။ အဆိုလွှာတွင် ပြည့်စုံစွာဖြည့်စွက်၍ အာမခံထားရှိနိုင်ပါသည်။

ခရီးသွားအာမခံ

မေး။ ခရီးသွားအာမခံတွင် နိုင်ငံခြားသားများ ဝယ်ယူနိုင်ပါသလား။
ဖြေ။ ဝယ်ယူနိုင်ပါသည်။

မေး။ ခရီးသွားအာမခံ ဝယ်ယူထားသော ခရီးသည်သည် ယာဉ်ပေါ်တွင် ရောဂါကြောင့် သေဆုံးခဲ့ပါက သေဆုံးမှုအကျိုးခံစားခွင့် ရရှိနိုင်ပါသလား။
ဖြေ။ မရရှိနိုင်ပါ။

မေး။ ခရီးသွားအာမခံတွင် အတော်တဆမှုဖြစ်ပွါးပါက မည်သို့အကြောင်းကြားရမည်နည်း။
ဖြေ။ ဖြစ်ပွါးသည့်နေ့မှစ၍ (၇) ရက်အတွင်း AMI သို့အကြောင်းကြားရန် လိုအပ်ပါသည်။

မေး။ ခရီးသွားအာမခံ ဝယ်ယူထားပြီး မတော်တဆမှုကြောင့် ထာဝစဉ် မသန်စွမ်းဖြစ်ခဲ့ပါက အကျိုးခံစားခွင့် မည်သို့ရရှိမည်နည်း။
ဖြေ။ ဝယ်ယူထားသော ခရီးသွားအာမခံ အမျိုးအစားအလိုက်၊ ယူနစ်အလိုက် အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူထံသို့ တစ်လုံးတည်းထုတ်ပေးပါမည်။

မေး။ ခရီးသွားအာမခံ (ပြည်ပ ခရီးစဉ်) တွင် နိုင်ငံသတ်မှတ် ထားတာရှိပါသလား။
ဖြေ။ မရှိပါ။

တောင်သူလယ်သမားအာမခံ

မေး။ တောင်သူလယ်သမားအာမခံ ဝယ်ယူထားသောသူသည် မြွေအန္တရာယ်ကြောင့် သေဆုံးပါက သေဆုံးမှုအကျိုးခံစားခွင့် ရရှိနိုင်ပါသလား။
ဖြေ။ ရရှိနိုင်ပါသည်။

မေး။ တောင်သူလယ်သမားအာမခံ ထားရှိရန်အတွက် ဆေးစစ်ရန် လိုအပ်ပါသလား။
ဖြေ။ မလိုအပ်ပါ။ အဆိုလွှာတွင် ပြည့်စုံစွာဖြည့်၍ ထားရှိနိုင်ပါသည်။

မေး။ တောင်သူလယ်သမားအာမခံတွင် ဆေးရုံတက်ရောက်ကုသရပါက ဆေးရုံတက်စရိတ် ရပါသလား။
ဖြေ။ အတော်တဆမှုကြောင့် ဆေးရုံတက်ရောက်ကုသရပါက အာမခံထားငွေ ကျပ် (၁) သိန်းအတွက် (၁)ရက်လျှင် ကျပ် (၂၀၀၀၀) နှုန်းဖြင့် အာမခံသက်တမ်းအတွင်း တစ်ကြိမ်လျှင် အများဆုံး(၅) ရက်နှင့် (၃) ကြိမ်အထိ တက်ရောက်ကုသစရိတ် ခံစားခွင့်ရှိပါသည်။

မေး။ တောင်သူလယ်သမားအာမခံ ဝယ်ယူထားသူသည် ခရီးသွားစဉ်အတွင်း အတော်တဆမှုကြောင့် သေဆုံးပါက အကျိုးခံစားခွင့် ရရှိပါသလား။
ဖြေ။ ရရှိနိုင်ပါသည်။

မေး။ တောင်သူလယ်သမားအာမခံတွင် ပရီမီယံကို မည်သို့ပေးသွင်းရမည်နည်း။
ဖြေ။ ကျသင့်ပရီမီယံကို တစ်လုံးတည်း ပေးသွင်းရပါမည်။

မေး။ တောင်သူလယ်သမားအာမခံတွင် မတော်တဆမှုကြောင့် ဒဏ်ရာရရှိလျှင် အကျိုးခံစားခွင့် မည်သို့ထုတ်ယူရမည်နည်း။
ဖြေ။ အာမခံလက်မှတ် မူရင်း၊ အကျိုးခံစားခွင့်တောင်းခံလွှာ၊ ဆေးကုသမှုမှတ်တမ်း၊ ကျေးရွာ / ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ အကျိုးခံစားခွင့်တောင်းခံသူ မှန်ကန်ကြောင်းထောက်ခံချက် တို့ဖြင့် ဖြစ်ပွါးသည့်နေ့မှစ၍ (၁) လ အတွင်း တောင်းခံနိုင်ပါသည်။

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

မေး။ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ထားရှိရန်အတွက် ဆေးစစ်ရန် လိုအပ်ပါသလား။
ဖြေ။ မလိုအပ်ပါ။

မေး။ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ တွင် ရောဂါကြောင့် သေဆုံးပါက အကျိုးခံစားခွင့်ရနိုင်ပါသလား။
ဖြေ။ မရရှိနိုင်ပါ။

မေး။ ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် မတော်တဆမှုကြောင့် သေဆုံးပါက အကျိုးခံစားခွင့်မည်သို့ရရှိမည်နည်း။
ဖြေ။ မတော်တဆမှုကြောင့် သေဆုံးပါက အာမခံထားငွေအား အကျိုးခံစားခွင့်ရရှိသူထံသို့ တစ်လုံးတည်းထုတ်ပေးပါသည်။

မေး။ ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် မတော်တဆမှုကြောင့်သေဆုံးပါက အကျိုးခံစားခွင့်အား မည်သို့တောင်းခံရမည်နည်း။
ဖြေ။ မတော်တဆမှုဖြစ်ပွါးပြီး (၂) ပတ်အတွင်း ဆေးဘက်ဆိုင်ရာ ထောက်ခံချက်၊ ဆေးကုသမှုမှတ်တမ်း၊ သေစာရင်း၊ အကျိုးခံစားခွင့် တောင်းခံလွှာတို့ဖြင့် တင်ပြတောင်းခံရပါမည်။

မေး။ ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် ပရီမီယံကြေးအား မည်သို့ပေးသွင်းရမည်နည်း။
ဖြေ။ ကျသင့်ပရီမီယံကို တစ်လုံးတည်း ပေးသွင်းရပါမည်။

မေး။ ထိခိုက်ဒဏ်ရာကြောင့် ဆေးရုံတက်ရပါက အကျိုးခံစားခွင့်မည်သို့ ရရှိနိုင်မည်နည်း။
ဖြေ။ ရက်သတ္တပတ်လျှင် အာမခံထားငွေ၏ ၃%ဖြင့် အများဆုံး အာမခံထားငွေ၏ ၁၅% ထက်မပိုသော မကျိုးခံစားခွင့် ရရှိပါမည်။

မေး။ နိုင်ငံခြားတွင် အတော်တဆမှုဖြစ်ပွါးလျှင် အကျိုးခံစားခွင့်ရရှိနိုင်ပါသလား။
ဖြေ။ ရရှိနိုင်ပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore