Premium Calculator
Urgent Notice to Our Customer

Marine Cargo

ရေလမ်း၊ ကုန်းလမ်းဖြင့်ကုန်ပစ္စည်းများသယ်ယူပို့ဆောင်စဉ် သဘာဝဘေးအန္တရာယ်များ၊ ထိခိုက်မှုများ၊ မီးလောင်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ရင်းစားပြန်လည်ရရှိစေရန် အကာအကွယ် ပေးပါသည်။ နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်းများ၊ နိုင်ငံခြားသို့တင်ပို့သော ကုန်ပစ္စည်းများနှင့် ပြည်တွင်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်သောကုန်ပစ္စည်းများအတွက် အကာအကွယ် ပေးပါသည်။ ဤအာမခံသည် ခရီးစဉ် (Voyage) တစ်ခုခြင်းအတွက်သာ ထားရှိရသော အာမခံ အမျိုးအစားဖြစ်ပါသည်။

အကျိုးခံစားခွင့်နှင့်အာမခံအကာအကွယ်များ

အာမခံထားသည့်ကုန်ပစ္စည်းများသယ်ယူတင်ဆောင်လာသောရေယာဉ်၊မော်တော်ယာဉ်ခရီးစဉ်အတွင်းမတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊မီးလောင်မှုကြောင့်သော်လည်းကောင်း ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးပါက ဆုံးရှုံးသွား သည့် ကုန်ပစ္စည်းတန်ဖိုးအား လျော်ကြေးအဖြစ်ပေးလျော်ပါမည်။

ပြည်ပ ပို့ကုန်/သွင်းကုန်များ အတွက် ICC (A), ICC (C) နှစ်မျိုးမှ နှစ်သက်ရာတစ်မျိုးကို ရွေးချယ်ရယူနိုင် ပြီး ပြည်တွင်း ပို့ကုန်များ အတွက်ကိုမူ ICC (C) တစ်မျိုးတည်းသာ (လုံးဝဆုံးရှုံးမှုအကာအကွယ်) ရယူနိုင်ပါသည်။

ICC (C) တွင် အောက်ဖော်ပြပါ အန္တရာယ်များကြောင့် လုံးဝပျက်စီးဆုံးရှုံးမှုများကို အကာအကွယ် ပေးပါသည်။

  • မီးလောင်ခြင်း (သို့မဟုတ်) ပေါက်ကွဲခြင်း
  • ကမ်းတင်ခြင်း၊ သောင်တင်ခြင်း၊ မြှုပ်ခြင်း၊ သင်္ဘောမှောက်ခြင်း
  • အခြားသင်္ဘော/ယာဉ်နှင့်တိုက်မိခြင်း (သို့မဟုတ်) အခြားအရာဝတ္ထုများနှင့် တိုက်မိခြင်း

ICC (C) တွင် လုံးဝဆုံးရှုံးမှုဖြစ်မှသာ လျော်ကြေးအကျုံးဝင်မည်ဖြစ်ပါသည်။

အာမခံသက်တမ်း

  • ခရီးတစ်ခေါက်ကြာချိန်

(ကုန်ပစ္စည်းများကို စတင်သယ်ယူသည့်နေရာမှ ဆိုက်ရောက်သည့်နေရာသို့ ရောက်ရှိသည့်အချိန် ကာလအထိအကာအကွယ်ပေးပါသည်။)

သိကောင်းစရာများ

  • အာမခံတန်ဘိုးပြောင်းလဲမည်ဆိုလျှင်ရေယာဉ်မထွက်ခွာမီအာမခံကုမ္ပဏီသို့အကြောင်းကြားရန်။
  • ရေယာဉ်ပြောင်းလဲ တင်ဆောင်ခြင်းအတွက်လည်း ရေယာဉ်မထွက်ခွာမီ အကြောင်းကြားရ ပါမည်။ အကြောင်းမကြားပါကလျော်ကြေးငြင်းဆိုနိုင်ပါသည်။
  • အဆိုလွှာတွင်ဖော်ပြထားသည့် ကုန်ပစ္စည်းသယ်ဆောင်မည့်ခရီးလမ်းကြောင်းအတိုင်းမောင်းနှင်ရပါမည်။ လမ်းကြောင်းပြောင်းလဲသယ်ဆောင်ခြင်း မပြုလုပ်ရပါ။ မလွှဲရှောင်နိုင်သော အကြောင်းကြောင့်ပြောင်းလဲမောင်းနှင်ရပါက အာမခံကုမ္ပဏီသို့ ချက်ချင်းအကြောင်းကြား ရပါမည်။
  • ပြည်တွင်း ရေကြောင်းခရီးဖြင့် သယ်ဆောင်ခြင်းတွင် ဆိပ်ကမ်းမှထွက်ခွာမည့်ရက် နောက်ကျမည် ဆိုပါက ဆိပ်ကမ်းရက်လွန်ကြေးအဖြစ် ပရီမီယံ၏ ၁၀% ကိုပေးဆောင်ရမည်။
  • ရေယာဉ်နစ်မြုပ်ပါက ရေယာဉ်ပေါ်ပါရှိသည့် ကုန်ပစ္စည်းများအား ဆုံးရှုံးမှုနည်းစေရန်အတွက်ချက်ချင်းဆယ်တင်သယ်ယူရမည်။
  • အာမခံထားငွေကျပ်တစ်သိန်းလျှင် တံဆိပ်ခေါင်းတန်ဖိုး ကျပ် ၁၀/- ကို အာမခံထားသူထံမှ ရယူရန်ဖြစ်သည်။ (အာမခံထားငွေ၏ ဝ.၀၁ % ဖြစ်ပါသည်)

အာမခံထားနိုင်ခွင့်ရှိသူ

  • ကုန်စည်ကူးသန်းရောင်းဝယ်ကြသည့်ကုန်ပစ္စည်းပိုင်ရှင်များ၊
  • စီးပွားရေးလုပ်ငန်းရှင်များ၊
  • ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးသူများ
  • ကုန်ပစ္စည်းပိုင်ရှင်၏ကိုယ်စားလှယ်များ

အာမခံထားငွေ

  • ကုန်ပစ္စည်းတန်ဖိုး + ၁၀ % အမြတ်

ပရီမီယံနှုန်းထား

  • ပရီမီယံကိုအာမခံထားသည့်ငွေအပေါ်တွင်မူတည်၍တွက်ချက်ပါသည်။ကုန်ပစ္စည်းအမျိုးအစား၊ သယ်ဆောင်မည့်လမ်းကြောင်းပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။

ပရီမီယံနှုန်းထားသတ်မှတ်ခြင်း

marineCago

မိုးတွင်းကာလမှာနှစ်စဉ်မေလ(၁) ရက်နေ့မှ အောက်တိုဘာလ(၁၅) ရက်နေ့အတွင်းဖြစ်ပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore