Premium Calculator

Marine Hull Insurance

သင်္ဘောကုမ္ပဏီများအနေဖြင့် မိမိတို့၏ရေယာဉ်များကိုမမျှော်လင့်သော  သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပါကနစ်နာဆုံးရှုံးမှုနည်းပါးစေရန်အတွက်သင်္ဘောကိုယ်ထည်အာမခံကို ထားရှိသင့်ပါသည်။ မြန်မာပြည်တွင်းနှင့် ပြည်ပတွင် ခုတ်မောင်းသွားလာသည့် ရေယာဉ်များ ရေကြောင်းအန္တရာယ်များမှအကာအကွယ်ရရှိစေရန်ဖြစ်သည်။ မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းပိုင်ရေယာဉ်များမှအပအခြားသံကိုယ်ထည် ရေယာဉ်များနှင့်သစ်သားကိုယ်ထည် ရေယာဉ်များကိုလက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။(ပင်လယ်ရပ်ခြားတွင်ခုတ်မောင်းသွားလာသည့်သစ်သားကိုယ်ထည်ရေယာဉ်များကို အာမခံ လက်ခံဆောင်ရွက်ခြင်း မရှိသေးပါ။)

အာမခံအကာအကွယ်များ

နိုင်ငံတကာတွင် ကျင့်သုံးနေသော ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ အမှန်တကယ်လုံးဝဆုံးရှုံးမှု အကာအကွယ် (Actual Total Loss) နှင့် ပြန်လည်တည်ဆောက်၍မရသော လုံးဝဆုံးရှုံးမှုအကာအကွယ် (Constructive Total Loss) နှစ်မျိုးစလုံးအတွက် အောက်ပါအကာအကွယ် များကို ရရှိမည်ဖြစ်ပါသည်။ မြစ်ကြောင်း၊ ပင်လယ် သမုဒ္ဒရာတွင်းဖြစ်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့်

  • မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း
  • သင်္ဘောပြင်ပမှ အဓမ္မခိုးယူခြင်း
  • သင်္ဘောအပေါ်မှပစ်ချခြင်း
  • ပင်လယ်ဓားပြ
  • နျူကလီးယားအဆောက်အဦး (သို့မဟုတ်) အနုမြူဓာတ်ပေါင်းဖို မတော်တဆချို့ယွင်းပျက်စီးမှု
  • လေယာဉ်သို့မဟုတ် အလားတူအရာများနှင့်ထိခိုက်မိခြင်း၊ အပေါ်မှကျလာသောအရာများ နှင့် ထိခိုက်မိခြင်း၊ သင်္ဘောကျင်း သို့မဟုတ် ဆိပ်ကမ်းမှပစ္စည်းကိရိယာများနှင့် တိုက်မိခြင်း
  • ငလျင်လှုပ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲခြင်း
  • ကုန်တင်ကုန်ချခြင်း၊ ကုန်များပြောင်းရာ၌ ထိခိုက်ခြင်းကြောင့် ပျက်စီးခြင်း
  • ဘွိုင်လာများပေါက်ကွဲခြင်း၊ ကျိုးကျခြင်းနှင့် စက်နှင့် ရေယာဉ်ကိုယ်ထည်တွင် တည်ဆောက်မှု မှားယွင်းခြင်းကြောင့် ပျက်စီးခြင်း
  • သင်္ဘောသား၊ ကပ္ပတိန်နှင့် အရာရှိများ၏ ပေါ့ဆမှားယွင်းမှုကြောင့် ပျက်စီးခြင်း
  • ငှားရမ်းအသုံးပြုသူများ (သို့) ပြင်ဆင်သူများ၏ ပေါ့ဆမှုကြောင့် ပျက်စီးမှုများ
  • သင်္ဘောအရာရှိ၊ သင်္ဘောသားများ ပုန်ကန်လျက် သင်္ဘောအပိုင်စီးမှုများကြောင့်ပျက်စီးမှုများ

အားလုံးသော အကြောင်းအရာများတွင် သင်္ဘောပိုင်ရှင်၏ပေါ့ဆမှု မပါစေရ။

အာမခံသက်တမ်း

  • ခရီးတစ်ခေါက်အာမခံ

ခရီးစဉ်အစအဆုံး       –  ခရီးစဉ်အစအဆုံး အချိန်ပိုင်းအာမခံ       –  တစ်နှစ်

သိကောင်းစရာများ

  • တစ်နှစ်အောက်သက်တမ်းထားလိုပါက ကာလတိုနှုန်း (Short Period Rate) ဖြင့်လက်ခံဆောင်ရွက် ပါမည်။
  • အာမခံသက်တမ်းမှာတစ်နှစ်သက်တမ်းနှင့်သက်တမ်းတိုကာလဖြင့်အာမခံထားသူ၏ဆန္ဒအရထားရှိနိုင်ပါသည်။
  • ရေယာဉ်အမျိုးအစား၊အသုံးချပုံ၊ရေယာဉ်ခုတ်မောင်းသည့်လမ်းကြောင်းတို့အပေါ်မူတည်၍သတ်မှတ်ထားသောနှုန်းထားအလိုက်ပရီမီယမ်တွက်ချက်ပါသည်။
  • ရေယာဉ်သက်တမ်းအနှစ် (၂၀) ကျော်ပါက ကျသင့်ပရီမီယံအပေါ် ၁၀% ထပ်ဆောင်း ကောက်ခံရပါမည်။
  • မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း၏ ရေယာဉ်များကို လက်ခံ ဆောင်ရွက်ခွင့်မရှိပါ။
  • သစ်သားကိုယ်ထည်ရေယာဉ်များကို လက်ခံဆောင်ရွက်ခြင်း မရှိပါ။
  • အာမခံထားငွေကျပ်တစ်သိန်းလျှင် တံဆိပ်ခေါင်းတန်ဖိုး ကျပ် ၁၀/- ကို အာမခံထားသူမှ ပေးဆောင်ရန် ဖြစ်သည်။ (အာမခံထားငွေ၏ ဝ.၀၁ % ဖြစ်ပါသည်)

အာမခံထားနိုင်ခွင့်ရှိသူ

  • ရေယာဉ်ကိုယ်ထည်ကို ပိုင်ဆိုင်သူ၊အဖွဲ့အစည်း၊ဘဏ်ချေးငွေရယူထားသူ
  • ရေယာဉ်ကိုယ်ထည်ကို ငှားရမ်းအသုံးပြုသူ၊အဖွဲ့အစည်း

အာမခံထားငွေ

  • ရေယာဉ်ကိုယ်ထည်အာမခံတွင် အာမခံထားငွေကို အာမခံထားသူနှင့်အာမခံလက်ခံသူ နှစ်ဦးသဘောတူ တန်ဖိုး (Agreed value) ဖြင့် ဆောင်ရွက်ပါမည်။

ပရီမီယံနှုန်းများ

MotorMyan
MotorMyan

ရေယာဉ်ကိုယ်ထည်အာမခံ ပရီမီယံသက်တမ်းတိုနှုန်းထား

MotorMyan

အပိုအကာအကွယ်

  • War, Strike, Malicious acts and Nuclear exclusion များအတွက် အကာအကွယ်တစ်မျိုးမျိုးကို ပူးတွဲ ထားလိုပါက ကျသင့်ပရီမီယံ၏ ဝ.၅၀% ထပ်မံကောက်ခံမည် ဖြစ်ပါသည်။
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore