Premium Calculator
Urgent Notice to Our Customer

Marine Hull Insurance

ကုန်းလမ်းဖြင့်ကုန်ပစ္စည်းများသယ်ယူပို့ဆောင်စဉ် သဘာဝဘေးအန္တရာယ်များ၊ ထိခိုက်မှုများ၊ မီးလောင်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ရင်းစားပြန်လည်ရရှိစေရန် အကာအကွယ် ပေးပါသည်။ နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်းများ၊ နိုင်ငံခြားသို့တင်ပို့သော ကုန်ပစ္စည်းများနှင့် ပြည်တွင်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်သောကုန်ပစ္စည်းများအတွက် အကာအကွယ် ပေးပါသည်။ ဤအာမခံသည် ခရီးစဉ် (Voyage) တစ်ခုခြင်းအတွက်သာ ထားရှိရသော အာမခံ အမျိုးအစားဖြစ်ပါသည်။

အကျိုးခံစားခွင့်နှင့်အာမခံအကာအကွယ်များ

အာမခံထားသည့်ကုန်ပစ္စည်းများသယ်ယူတင်ဆောင်လာသောရေယာဉ်၊မော်တော်ယာဉ်သည်ခရီးစဉ်အတွင်းမတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊မီးလောင်မှုကြောင့်သော်လည်းကောင်း ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးပါက ဆုံးရှုံးသွား သည့် ကုန်ပစ္စည်းတန်ဖိုးအား လျော်ကြေးအဖြစ်ပေးလျော်ပါမည်။

ပြည်ပ ပို့ကုန်/သွင်းကုန်များ အတွက် ICC (A), ICC (C) နှစ်မျိုးမှ နှစ်သက်ရာတစ်မျိုးကို ရွေးချယ်ရယူနိုင် ပြီး ပြည်တွင်း ပို့ကုန်များ အတွက်ကိုမူ ICC (C) တစ်မျိုးတည်းသာ (လုံးဝဆုံးရှုံးမှုအကာအကွယ်) ရယူနိုင်ပါသည်။

ICC (C) တွင် အောက်ဖော်ပြပါ အန္တရာယ်များကြောင့် လုံးဝပျက်စီးဆုံးရှုံးမှုများကို အကာအကွယ် ပေးပါသည်။

  • မီးလောင်ခြင်း (သို့မဟုတ်) ပေါက်ကွဲခြင်း
  • ကားမှောက်ခြင်း၊ ရထားလမ်းချော်ခြင်း
  • ယာဉ်ပြင်ပမှအခြားအရာဝတ္ထုများနှင့် တိုက်မိခြင်း

ကုန်စည်အာမခံသည်လုံးဝပျက်စီးဆုံးရှုံးအကာအကွယ်အတွက်သာဖြစ်ပြီးကုန်ပစ္စည်းများသယ်ယူပို့ဆောင်စဉ်လုံးဝပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ပါကကုန်ပစ္စည်းတန်ဖိုးအားလျော်ကြေးအဖြစ်ပေးလျော်ပါမည်။

အာမခံသက်တမ်း

  • ခရီးတစ်ခေါက်ကြာချိန် (One Trip)

ကုန်ပစ္စည်းများကိုစတင်သယ်ယူသည့်နေရာမှဆိုက်ရောက်သည့်နေရာသို့ရောက်ရှိသည့်အချိန်ကာလအထိအကာအကွယ်ပေးပါသည်။

သိကောင်းစရာများ

  • လိုင်စင်ရှိသောယာဉ်မောင်းများမောင်းနှင်သောယာဉ်များဖြင့်သယ်ဆောင်ရမည်။
  • လိုင်စင်သက်တမ်းအကျုံးဝင်သောယာဉ်များဖြင့်သယ်ဆောင်ရမည်။
  • ခရီးစတင်ထွက်ခွာသည့်အချိန်မှခရီးဆုံးသို့ဆိုက်ရောက်သည့်အချိန်တွင်းဖြစ်ပွါးသောဆုံးရှုံးမှုများအတွက်သာလျော်ကြေးအကျုံးဝင်သည်။
  • ကုန်ပစ္စည်းများသယ်ဆောင်သည့်ယာဉ်သည်ခရီးစဉ်အတွင်းပိုင်ရှင်ကတမင်ရည်ရွယ်ချက်ကြောင့်ပြုလုပ်ခြင်းမဟုတ်ဘဲမတော်တဆမီးလောင်ခြင်းကြောင့်သော်လည်းကောင်း၊စက်တပ်ယာဉ်ထိခိုက်မှုကြောင့်သော်လည်းကောင်း၊သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ထိခိုက်ပျက်စီးမှုများကြောင့်အာမခံထားသောကုန်ပစ္စည်းများလုံးဝပျက်စီးဆုံးရှုံးမှသာလျော်ကြေးအကျုံးဝင်သည်။
  • ဆုံးရှုံးမှုဖြစ်ပွါးလျှင်ပိုင်ရှင်သည်ဆုံးရှုံးမှုသက်သာစေရန်ဘေးလွတ်ရာသို့ပြောင်းရွေ့ရန်လိုအပ်သည်။သယ်ယူစရိတ်ကိုကုန်ပစ္စည်းပိုင်ရှင်မှတောင်းခွင့်ရှိသည်။
  • အာမခံထားငွေကျပ်တစ်သိန်းလျှင် တံဆိပ်ခေါင်းတန်ဖိုး ကျပ် ၁၀/- ကို အာမခံထားသူထံမှ ရယူရန်ဖြစ်သည်။ (အာမခံထားငွေ၏ ဝ.၀၁ % ဖြစ်ပါသည်)

အာမခံထားနိုင်ခွင့်ရှိသူ

  • ကုန်စည်ကူးသန်းရောင်းဝယ်ကြသည့် ကုန်ပစ္စည်းပိုင်ရှင်များ၊
  • စီးပွားရေးလုပ်ငန်းရှင်များ၊
  • ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးသူများ၊
  • ကုန်ပစ္စည်းပိုင်ရှင်၏ကိုယ်စားလှယ်များ

အာမခံထားငွေ

  • ကုန်ပစ္စည်းတန်ဖိုး + ၁၀ % အမြတ်

ပရီမီယံနှုန်းထား

  • ပရီမီယံကိုအာမခံထားသည့်ငွေအပေါ်တွင်မူတည်၍တွက်ချက်ပါသည်။ကုန်ပစ္စည်း အမျိုးအစား၊ သယ်ဆောင်မည့်လမ်းကြောင်းပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။

ပရီမီယံနှုန်းထားသတ်မှတ်ခြင်း

marineTransit
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore