Premium Calculator

ဧရာမြန်မာ၏‘စီးပွားရေးဆိုင်ရာကျင့်ထုံး’

ရိုးသားဖြောင့်မတ်စွာဖြင့်စည်းကမ်းနှင့်အညီပြုမူဆောင်ရွက်ခြင်းသည်ဧရာမြန်မာ၏ရှေးရှုရာယဉ်ကျေးမှုဗဟိုချက်တစ်ခုဖြစ်ပါသည်။အချိန်နှင့်တစ်ပြေးညီလိုက်လျောညီထွေဖြစ်စေမည့်ဝန်ဆောင်မှု၊ တရားမျှတသောအဆုံးအဖြတ်၊ ပွင့်လင်းမြင်သာသောဆက်ဆံမှု၊ လုပ်ငန်းပိုင်းဆိုင်ရာ အတတ်ပညာကျွမ်းကျင်မှု စသည့်အရည်အသွေးများဖြင့် မိတ်ဆွေများ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို တန်းတူ အခွင့်အရေးပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။  အားလုံးသောမိတ်ဆွေများသို့ ဧရာမြန်မာမှ ‘ကတိကဝတ်ပြုသည်မှာ’

Business Ethics

  • ဝယ်ယူအားပေးသောမိတ်ဆွေများသို့……..မျှတသော၊  မှန်ကန်သင့်လျော်သော  အပြုအမူများဖြင့်  မိတ်ဆွေများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာမှုမရှိသောဆက်ဆံရေးတစ်ရပ်ကို ထူထောင်ရန်
  • ဝန်ထမ်းအဆင့်ဆင့်သို့လူ့စွမ်းအားအရင်းအမြစ်များ  ဖွံဖြိုးတိုးတက်ရေးအတွက်  လုပ်ဆောင်မှုတစ်ရပ် အဖြစ်လူသားအရင်းအနှီးများကို ဌာနတွင်းသင်တန်းများ၊ ဌာနပြင်ပရှိသင်တန်းများသို့    စေလွှတ်ခြင်းအားဖြင့် ဝန်ထမ်းများအရည်အသွေးပိုမိုတိုးတက်စေရန်
  • ယုံကြည်မှုတူရာစုဖွဲ့နေထိုင်သော လူ့အသိုက်အဝန်းသို့အဖွဲ့အစည်းများ၏ လူမှုရေးအရတာဝန်ရှိမှုကို အစဉ်အမြဲသတိမူလျက်ရှိရာတွင် ယုံကြည်မှုတူရာ လူထုအသိုက်အဝန်း၊  ကျေးလက်ဒေသအခြေပြု ဆင်းရဲနွမ်းပါးသူများ၏ အကျိုးကိုဖော်ဆောင်မည့် အာမခံလုပ်ငန်း အမျိုးအစားများကို အကောင်အထည်ဖော်ဆောင်ရန်
  • အစုရှယ်ယာရှင်များသို့အဖွဲ့အစည်းဆိုင်ရာ ကောင်းမွန်သော အုပ်ချုပ်မှုများလွှမ်းခြုံ၍  ရှယ်ယာရှင်များသို့ မှန်ကန် တိကျသော သတင်း အချက်အလက်များ ထုတ်ပြန်ကာ ပွင့်လင်းမြင်သာသော  ဆောင်ရွက်မှုများဖြင့် ရှယ်ယာပိုင်ဆိုင်မှု  အပေါ် တန်ဘိုးထားလာနိုင်စေရေးကို  အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားရန်

 

 

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore