Premium Calculator
Urgent Notice to Our Customer

Business

  • ကျွန်တော်တို့၏စီးပွားရေးလုပ်ငန်းများ

အာမခံအမျိုးအစားများကို ပြည်သူများအလွယ်တကူမြန်ဆန်စွာဖြင့် ၀ယ်ယူရရှိနိုင်ရေးကိုအလေးပြုဆောင်ရွက်သွားမည်ဖြစ်သလို မိတ်ဆွေများ လိုအပ်ချက်နှင့် ကိုက်ညီမည့် အာမခံအမျိုးအစား အမယ်သစ်များကိုတီထွင်ဖန်တီးပြီး အရည်အသွေးမြင့် ၀န်ဆောင်မှုများဖြင့် ဖြည့်စွက်ဆောင်ရွက်ကာ ဖွံဖြိုးတိုးတက်လာမည့် အာမခံနယ်ပယ်ကြီး တစ်ခု ဖြစ်မြောက်စေရေးကို ဦးတည်ဆောင်ရွက်သွားရာတွင် မူလရှိရင်းစွဲအောက်ပါအာမခံလုပ်ငန်းများဖြစ်သည့်(၁)အလုံးစုံမော်တော်ယာဉ်အာမခံ(၂)မီးအာမခံ(၃)ရေကြောင်းပို့ကုန်ပစ္စည်းအာမခံ(၄)အသက်အာမခံ(၅)ကျန်းမာရေးအာမခံ(၆)အထူးခရီးသွားအာမခံများကိုဆောင်ရွက်ရန်

  • ၀န်ဆောင်မှုကောင်းသထက်ပိုမိုကောင်းမွန်အောင် ၀န်ဆောင်မှုများကို ဖြည့်စွမ်းရင်း ပြည်သူများဆီ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဆောင်ရွက်သွားရန်
  • ပေးစွမ်းမည့်ကတိပြည်သူများ လွတ်လပ်စွာဖြင့် လိုအပ်ချက်နှင့်ကိုက်ညီမည့် အာမခံလုပ်ငန်းအမျိုးအစားများကို ရွေးချယ်ရယူနိုင်စေရန် မိမိတို့အဖွဲ့အစည်း၏ စံပြုစွမ်းဆောင်ရည်ပြည့်ဝသော၊ ယုံကြည်အားကိုးထိုက်သော ပုဂ္ဂိုလ်တစ်ဦးချင်းအခြေပြု ဝန်ဆောင်မှုများပေးကာ မိတ်ဆွေများကို လိုအင်ဆန္ဒများ အပြည့်အဝရရှိစေရန် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ လုပ်ကိုင်ခွင့်ပြုထားသော  အသက်အာမခံနှင့်  အထွေထွေအာမခံလုပ်ငန်း အမျိုးအစားများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူရရှိနိုင်ရန် ဧရာမြန်မာ မှ  အစဉ်နွေးထွေးသော ဝန်ဆောင်မှုများဖြင့်ဆောင်ရွက်သွားရန် ဧရာမြန်မာမှ  ဆန္ဒပြုပါသည်။