Premium Calculator

Personal Accident Insurance

မည်သူမဆို မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း စသည်များ ဖြစ်ပွားသည့်အခါ ငွေကြေး အထောက်အပံ့ရရှိစေရန် ရည်ရွယ်ပါသည်။

အာမခံအကာအကွယ်

  • မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခြင်း
  • မသန်စွမ်းဖြစ်ခြင်း
  • ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း
  • ခြေလက်အင်္ဂါဆုံးရှုံးခြင်း
  • ဆေးရုံတက်ရခြင်း၊ အလုပ်မလုပ်နိုင်ခြင်း
  • ဆေးရုံစရိတ်များထောက်ပံ့ခြင်း

အကျိုးခံစားခွင့်

  • အာမခံထားသူသေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေအတိုင်း ရရှိမည့်ငွေပမာဏကို တစ်လုံးတည်း အကျိုးခံစားခွင့်ရှိသူ မှ ရရှိခြင်း
  • မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်အပေါ်အခြေခံ၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်နှုန်းထားအတိုင်းရရှိခြင်း
  • ထိခိုက်ဒဏ်ရာ ရခြင်းကြောင့် ဆေးရုံတက်ရခြင်း နှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် ရက်သတ္တ တစ်ပတ်လျှင် အာမခံထားငွေ၏ ၃% ဖြင့်အများဆုံး အာမခံထားငွေ၏ ၁၅%ထက်မပိုသော ငွေကြေး

အာမခံသက်တမ်း

  • ပရီမီယံစတင်ပေးသွင်းသည့်နေ့မှစ၍ ၃ လ၊ ၆ လ၊ ၁ နှစ်အထိထားရှိနိုင်ပါသည်။

သိကောင်းစရာများ

  • ပရီမီယံကြေးကိုတစ်ကြိမ်တည်းပေးဆောင်ရပါမည်။
  • တပ်မတော်၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း၊အခြားသောအန္တရာယ်များသည့် အလုပ်အကိုင်အတွက် အာမခံထားငွေ၏  ၁ % ဖြစ်ပါသည်။

အာမခံထားခွင့်ရှိသူ

  • အသက် ၁၆ နှစ်မှ ၆၅နှစ် အတွင်းရှိကျန်းမာရေးကောင်းမွန်သူတိုင်းအာမခံထားရှိနိုင်ပါသည်။အရွယ်မရောက်သေးသူအတွက်မိဘ (သို့) အုပ်ထိန်းသူကထားရှိပေးနိုင်ပါသည်။

အာမခံထားငွေ

  • အနည်းဆုံး ကျပ် ၅ သိန်း မှ အများဆုံး ကျပ် သိန်း ၂၀၀ အထိ (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၁,၀၀၀ မှ ၂၀၀,၀၀၀ အထိ ထားရှိနိုင်ပါသည်။

ပရီမီယံ

  • ပရီမီယံနှုန်းမှာအာမခံထားငွေ၏ ဝ.၇ % (အာမခံသက်တမ်း (၁) နှစ်အတွက်) ဖြစ်ပြီး တပ်မတော်၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း၊အခြားသောအန္တရာယ်များသည့် အလုပ်အကိုင်အတွက် အာမခံထားငွေ၏  ၁ %ဖြစ်ပါသည်။
  • အာမခံသက်တမ်း ၃ လ၊ ၆ လ အတွက်၁ နှစ်သက်တမ်း၏ အချိုးကျပရီမီယံကိုပေးဆောင်ရပါမည်။
  • မတော်တဆထိခိုက်မှုကြောင့်သေဆုံးခြင်း၊မသန်စွမ်းဖြစ်ခြင်း၊ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ဆေးရုံတက်ရခြင်း၊အလုပ်မလုပ်နိုင်ခြင်းတို့အတွက်အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore