Premium Calculator

Snake Bite Insurance

မြန်မာနိုင်ငံရှိ ပထဝီအနေအထားအရ တောတောင်ထူထပ်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများပြားခြင်းက ကျေးလက်နေပြည်သူများသာမက မြို့ပြတွင်နေထိုင်သူများအတွက်ပါ မြွေအန္တရာယ်နှင့် ကြုံတွေ့လာနိုင်ပါသည်။ထိုသို့ကြုံတွေ့ပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်မြွေအန္တရာယ်အာမခံ အကာအကွယ်ကို ထားသင့်ပါသည်။

အာမခံအကာအကွယ်

• သေဆုံးခြင်း • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း

အကျိုးခံစားခွင့်များ

• အာမခံထားသူ သေဆုံး/ ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေအတိုင်းရရှိမည့် ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှ ရခွင့်ရှိခြင်း • ဆေးကုသစရိတ်နှင့် ဆေးရုံတက်စရိတ်များထောက်ပံ့ပေးခြင်း

အာမခံ သက်တမ်း

• (၁) နှစ်။ (အသက် (၁၈) နှစ်မပြည့်သေးသူများအတွက် မိဘ (သို့) အုပ်ထိန်းသူမှ ထားပေးရပါမည်။) • သက်တမ်းအတွင်း ဒဏ်ရာရရှိခဲ့ပါက ဆေးကုသ၍ပျောက်ကင်းလျှင် လျော်ကြေးခံစားပြီးနောက် အသစ်တစ်စောင်ဝယ်ယူရမည်။

သိကောင်းစရာများ

• မြွေအန္တရာယ်ကြောင့် သေဆုံးခြင်းအတွက် ကျပ် (၅၀၀,၀၀၀) • မြွေအန္တရာယ်ကြောင့် မျက်စိနှစ်ဖက်ကွယ်ခြင်းအတွက် အများဆုံး ကျပ် (၂၅၀,၀၀၀) • မြွေအန္တရာယ်ကြောင့် ကိုယ်တစ်ပိုင်းသေဆုံးခြင်းအတွက် အများဆုံး ကျပ် (၂၅၀,၀၀၀) • မြွေအန္တရာယ်ကြောင့် လက်ချောင်း၊ ခြေချောင်းများဆုံးရှုံးမှုအတွက် အများဆုံးကျပ် (၄၀,၀၀၀) • မြွေအန္တရာယ်ကြောင့် ဆေးရုံတက်ရခြင်းအတွက် ဆေးကုသမှုနှင့် သယ်ယူပို့ဆောင်စရိတ်အပါအဝင် အမှန်တကယ်ကုန်ကျစရိတ် အများဆုံးကျပ် (၈၀,၀၀၀) အထိ

မြွေကိုက်ခံရသည့်နေ့မှ (၆)လအတွင်း လျော်ကြေးကို တောင်းခံရမည်။

အာမခံ ထားခွင့်ရှိသူ

  • အသက်အရွယ်မရွေးအာမခံထားနိုင်ပါသည်။ အရွယ်မရောက်သူများမိဘ (သို့) အုပ်ထိန်းသူမှ ထားပေးရပါမည်။

အာမခံထားငွေ

  • အနည်းဆုံး (၁) ယူနစ် ကျပ် (၅) သိန်း မှ အများဆုံး (၁၀) ယူနစ် ကျပ်သိန်း (၅၀) အထိ

ပရီမီယံ

  • ၁ ယူနစ် – ကျပ် ၅၀၀
  • ၁၀ ယူနစ် – ကျပ် ၅၀၀၀ ( ကျပ် ၅၀၀ ပေးသွင်းသည်နှင့် အာမခံလက်မှတ်ကိုထုတ်ပေးမည်။ )

ပရီမီယံနှုန်းသတ်မှတ်ပုံ

  • အနည်းဆုံး(၁) ယူနစ် ကျပ် (၅၀၀) မှ အများဆုံး (၁၀)ယူနစ် ကျပ် (၅၀၀၀)အထိ
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore