Premium Calculator

Sportsman Life Insurance

အားကစားသမားများ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ဆိုသည်မှာ အားကစားသမားများ အားကစားလေ့ကျင့်နေစဉ်နှင့် ယှဉ်ပြိုင်နေစဉ် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ သေဆုံးခြင်းများအတွက် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံအကာအကွယ်

  • သေဆုံးခြင်း
  • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
  • ထိခိုက်ဒဏ်ရာရခြင်း

အကျိုးခံစားခွင့်များ

  • အာမခံထားသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေအတိုင်းရရှိမည့် ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှ ရခွင့်ရှိခြင်း
  • အာမခံထားသူ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်အပေါ် ခြေခံ၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်အတိုင်း ရခွင့်ရှိခြင်း

အာမခံ သက်တမ်း

  • (၁) နှစ်

သိကောင်းစရာများ

  • နိုင်ငံခြားတွင်သွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားများသည် ရက်တို အာမခံထားရှိနိုင်သည်။
  • တစ်နှစ်သက်တမ်း အာမခံထားရှိပြီးမှသာ ရက်တို အာမခံပူးတွဲထားရှိနိုင်သည်။

အာမခံ ထားခွင့်ရှိသူ

  • အသက် (၁၀) နှစ်မှ (၆၀)နှစ် အတွင်းရှိ အားကစားသမားများ

အာမခံထားငွေ

  • ၁ ယူနစ် ကျပ် (၁၀)သိန်း နှင့်အများဆုံး ၅ ယူနစ်အတွက် ကျပ်သိန်း (၅၀)

ပရီမီယံနှုန်းသတ်မှတ်ပုံ

  • (၁)ယူနစ်လျှင် ကျပ် (၅၀၀၀) ပေးသွင်းရပါမည်။
  • နိုင်ငံခြားသို့သွားရောက်စဉ် ရက်တို အာမခံ (၇)ရက်အတွက် ကျပ် (၅၀၀)၊(၁)လအတွက် ကျပ် (၁၀၀၀)ပေးသွင်းရပါမည်။
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore