Premium Calculator
Urgent Notice to Our Customer

Highway Special Travel Insurance

ပြည်သူ့အကျိုးပြု ခရီးသွားအာမခံစနစ်ကို တစ်တိုင်းပြည်လုံးအတိုင်းအတာထိ ဆောင်ရွက်ခြင်းဖြင့် ခရီးသွားပြည်သူတို့အား အထိုက်အလျောက်အကျိုးပြုစေရန်နှင့်   ပြည်သူ့အကျိုးပြု ခရီးသွားအာမခံ စနစ်တစ်ခု ပေါ်ထွန်းလာစေရန်နှင့်ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် ခရီးသည်များ ခရီးစဉ်အတွင်း စီးနင်းလိုက်ပါသည့်ယာဉ်နှင့် ဆက်စပ်ပတ်သတ်သော မတော်တဆ ထိခိုက်မှု(Accident) ကြောင့် အသက်ဆုံးရှုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း စသည့် လူမှုရေးဒုက္ခများရင်ဆိုင်ကြုံတွေ့ရသည့်အခါ လက်မဲ့မဖြစ်စေဘဲ ငွေကြေးအားဖြင့်အတိုင်းအတာတစ်ရပ်အထိ အထောက်အပံ့ရရှိစေရန်ဖြစ်ပါသည်။

အာမခံအမျိုးအစားများ

၁။ ပြည်တွင်း၊ပြည်ပ ခရီးစဉ်များ ခရီးသွားအာမခံ
၂။ ခရီးမိုင် (၁၀၀) အောက်ခရီးသည်များ သယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်လိုင်းများ (ခရီးတစ်ခေါက်) ခရီးသွားအာမခံ
၃။ အထူးခရီးသွားအာမခံ

အကာအကွယ်များ

ခရီးစဉ်အတွင်း အာမခံလက်မှတ်ဝယ်ယူပြီး စီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများ မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများအတွက် အကာအကွယ်ပေးပါသည်။

အကျိုးခံစားခွင့်

    • အာမခံထားသူသေဆုံးလျှင် အာမခံထားငွေအတိုင်း ရရှိမည့်ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှရခွင့်ရှိခြင်း
    • ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေအတိုင်းရရှိမည့်ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှရခွင့်ရှိခြင်း
    • အာမခံထားသူမတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်၏ထောက်ခံချက်အပေါ်အခြေခံ၍ သတ်မှတ်ထားသည့်အကျိုးခံစားခွင့်အတိုင်း ရခွင့်ရှိခြင်း

See More details…

ပြည်တွင်း၊ပြည်ပ ခရီးစဉ်ခရီးသွားအာမခံ

အာမခံသက်တမ်း

ပြည်တွင်းခရီးစဉ်   –  (၁) ရက်ခရီးစဉ်မှ အများဆုံး(၃) လ ခရီးအထိ။

ပြည်ပခရီးစဉ်        –  (၁) ပတ်ခရီးစဉ်မှ (၃)လခရီးစဉ်အထိ

အာမခံထားငွေ

  • (၁) ယူနစ်လျှင် ကျပ်(၅) သိန်းမှ အများဆုံး(၂၀) ယူနစ် ကျပ်သိန်း(၁၀၀) အထိ

(AMI ရုံးခွဲများနှင့် AYA Bank များတွင် ဝယ်ယူရရှိနိုင်ပါသည်။)

ဝယ်ယူနိုင်သည့် ယူနစ်

  • အနည်းဆုံး (၁) ယူနစ် မှ အများဆုံး (၂၀) ယူနစ်အထိ

မိုင်(၁၀၀) အောက်ခရီးစဉ် ခရီးသွားအာမခံ

အာမခံသက်တမ်း

  • ခရီးတစ်ခေါက်

အာမခံထားငွေ

  • ပုံသေ ကျပ်သိန်း(၂၀)

ဝယ်ယူနိုင်သည့် ယူနစ်

  • (၁) ယူနစ်

အထူးခရီးသွား အာမခံ

အကျိုးခံစားခွင့်

  • သေဆုံးခြင်းတစ်ယူနစ် အတွက် ကျပ် သိန်း (၃၀)
  • ဒဏ်ရာရရှိခြင်းတစ်ယူနစ်အတွက် အများဆုံး ကျပ်(၂၄) သိန်း

အာမခံသက်တမ်း

  • ခရီးတစ်ခေါက်

အာမခံထားငွေ

  • (၁) ယူနစ်လျှင် ကျပ်သိန်း(၃၀) မှ အများဆုံး(၂) ယူနစ် ကျပ်သိန်း(၆၀) အထိ

ဝယ်ယူနိုင်သည့် ယူနစ်

  • ၁ယူနစ် ကျပ် ၃၀၀ နှင့် အများဆုံး (၂)ယူနစ်အထိဝယ်ယူနိုင်ပါသည်။

အာမခံထားခွင့်ရှိသူ

  • အဝေးပြေးယာဉ်များကို အသုံးပြုသွားလာမည့်ခရီးသည်များ။
  • ကိုယ်ပိုင်ယာဉ်၊ စီးလုံးငှားယာဉ်များ အသုံးပြုသွားလာမည့် ခရီးသွားများ။
  • အသက်အရွယ်ကန့်သတ်ချက်မရှိပါ။ (နိုင်ငံခြားသားများလည်းထားနိုင်ပါသည်။)

ပရီမီယံ

  • ကျသင့်ပရီမီယံကိုတစ်လုံးတည်းပေးသွင်းရပါမည်။

ပရီမီယံနှုန်း

  • အာမခံထားသည့်တန်ဖိုးပေါ်မူတည်၍ ပရီမီယံနှုန်းကွဲပြားနိုင်ပါသည်။

ပရီမီယံနှုန်းထားများ

Travel

လျော်ကြေးမရနိုင်သောအချက်များ

  • ရှိရင်းစွဲကိုယ်အင်္ဂါချို့တဲ့မှုနှင့်ရှိရင်းစွဲရောဂါဘယများကြောင့်ဖြစ်ပွါးခြင်း
  • မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း
  • တမင်ရည်ရွယ်ချက်ဖြင့်မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရရှိစေခြင်း
  • ယာဉ်ထိခိုက်မှုနှင့် ဆက်စပ်မှုမရှိသော မီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ခြင်းစသည်များ
  • ရာဇဝတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေချိုးဖောက်မိခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်ဖြစ်ခြင်း၊ ပြည်တွင်းစစ်၊ အကြမ်းဖက်ဖျက်စီးခြင်းနှင့် ပြည်တွင်းမငြိမ်မသက်ဖြစ်ခြင်း
  • အထက်ပါအကြောင်းအရာများနှင့်ယင်းတို့၏အကျိုးဆက်များကြောင့် ဖြစ်ပေါ်သည့် သေဆုံးခြင်း၊ ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းစသည်များ
Download IOS Mobile Application
Download Android Application
Download Android Application from PlayStore