Premium Calculator
Urgent Notice to Our Customer

FAQ Banner

အလုံးစုံမော်တော်ယာဉ်အာမခံ

မတော်တဆမှုနှင့်ကြုံတွေ့လာပါက မည်သို့ဆောင်ရွက်ရပါမည်နည်း?

မတော်တဆမှုနှင့်သင်ကြုံတွေ့လာပါက

၁။  စိတ်လှုပ်ရှားမှုကိုထိန်းကာ တည်ငြိမ်စွာဖြင့် ဧရာမြန်မာအာမခံအရေးပေါ်ဖုန်းအမှတ် ၀၉-၄၉၃၀၅၂၂၄ သို့ချက်ချင်းအကြောင်းကြားရန်

၂။  ဓာတ်ပုံရိုက်နိုင်သော လက်ကိုင်ဖုန်းရှိလျှင် ဖြစ်ပျက်ပုံနှင့် ဖြစ်ပျက်နေသော မော်တော်ယာဉ် (သို့) မော်တော်ယာဉ်များအာနေရာမှမရွှေ့မီ အဖြစ်အပျက်ကို ပေါ်လွင်စေမည့် မှတ်တမ်းတင်ဓာတ်ပုံများကို  ရိုက်ယူထားရပါမည်။

၃။  ဖြစ်ပျက်မှုတွင်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ နှစ်စီးထက်ပိုသော မော်တော်ယာဉ်များ ပါ၀င်နေပါကပြည်သူ့ရဲ(ယာဉ်ထိန်း)သို့အမှုဖွင့်တိုင်တန်းရန်နှင့်၎င်းတို့၏အစီရင်ခံစာများရယူရန်လိုအပ်ပါသည်။

၄။  တည်ဆဲဥပဒေတစ်ခုခုနှင့် ငြိစွန်းပြီးဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များအတွက်  မိမိ၏သဘောဆန္ဒဖြင့် ကမ်းလှမ်းခြင်း၊ ငွေပေးငွေယူ ပြုလုပ်လက်ခံခြင်း စသည့် ဆောင်ရွက်မှုများအတွက် AMI  မှတာ၀န်ယူမည် မဟုတ်ပါ။

၅။  အာမခံထားသူနှင့် အခြားသူများအကြား အငြင်းပွားဖွယ်ရာကိစ္စများ ပေါ်ပေါက်လာပါက AMI မှ၀န်ထမ်းများက ကူညီဖြေရှင်း ဆောင်ရွက်ပေးပါမည်။

၆။  ဖြစ်ပျက်မှုကို စစ်ဆေးရန်ရောက်ရှိလာမည့် AMI၀န်ထမ်းများ၏ လမ်းညွှန်မှုကို တိကျစွာ လိုက်နာ ဆောင်ရွက်ရပါမည်။

ဘယ်မှာဝယ်ယူရရှိနိုင်ပါသလဲ?

အဆိုလွှာကို ဦးစွာရယူဖြည့်စွက်ပြီး AMI MAIL INFO @ami-insurance.com သို့မဟုတ် AMI SERVICE  ၀၉-၉၇၇၃၇၃၀၀ သို့ လျှောက်ထားနိုင်ပါသည်။

အာမခံထားရှိရန် မည်သည့်စာရွက်စာတမ်းများကိုတင်ပြရပါမလဲ?

၁။ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)

၂။ CERTIFICATE OF VEHICLE REGISTRATION  ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်

၃။ မောင်းနှင်ခွင့်ပြုသည့် ယာဉ်မောင်းများ၏ လိုင်စင်နှင့်မှတ်ပုံတင်

၄။ သဘောတူညီမှုစာ

အလုံးစုံမော်တော်ယာဉ်အာမခံဆိုတာ……?

သင်ပိုင်ဆိုင်သည့် မော်တော်ယာဉ်များသည် ကံမကောင်းအကြောင်းမလှစွာဖြင့် မတော်တဆအန္တရာယ် တစ်ခုခုနှင့်တွေ့ကြုံပါကထိခိုက်ပျက်စီးသော အစိတ်အပိုင်းများကိုပြုပြင်နိုင်ရန်အတွက် မဖြစ်မနေလိုအပ်မည့် ငွေကြေးဆိုင်ရာလိုအပ်ချက်ကို ရယူနိုင်ရန်အထောက်အပံ့ပြုသည့်အာမခံအမျိုးအစားတစ်ခုဖြစ်ပါသည်။

အလုံးစုံမော်တော်ယာဉ်အာမခံမှ ရရှိနိုင်မည့်အကာအကွယ်များမှာ

မိမိယာဉ်ထိခိုက်ပျက်စီးမှု

သူတစ်ပါးထိခိုက်မှုပေးလျော်ရန်တာ၀န်

အလုံးစုံမော်တော်ယာဉ်အာမခံ(မိမိယာဉ်နှင့် သူတစ်ပါးထိခိုက်မှုအကာအကွယ်)

အခြားသောအရာများနှင့်တိုက်မိခြင်း

မိမိယာဉ်ဖြင့်တိုက်ရိုက်တိုက်ခြင်း၊မိမိယာဉ်မတော်တဆဖြစ်မှုမှတဆင့်အခြားအရာ၀တ္ထုများနှင့်တိုက်မိခြင်း

ဥပမာ- ရွေ့လျားနေသောအခြားမော်တော်ယာဉ်၊တည်ငြိမ်စွာတည်ရှိနေသည့်သစ်ပင်၊နေအိမ်အဆောက်အဦးများ၊မိမိယာဉ်တစ်စီးတည်းတိမ်းမှောက်မှု

အခြားသိရှိလိုသောအချက်များရှိခဲ့ပါက မည်သို့စုံစမ်းရပါမည်နည်း?

ပိုမိုသိရှိလိုသော အချက်များရှိခဲ့ပါက AMI’S Customer Services (၀၉-၉၇၇၃၇၃၀၀)ကို ဆက်သွယ်မေးမြန် နိုင်ပါသည်။

စုပေါင်းအသက်အာမခံ

မည်သူတွေဝယ်ယူနိုင်ပါသလဲ။

ဝန်ထမ်းများ၊ အလုပ်သမားများ စုပေါင်း၍ ဝယ်ယူနိုင်ပါသည်။

စုပေါင်းအသက်အာမခံထားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အဘယ်နည်း။

  • သေဆုံးမှုအကျိုးခံစားခွင့် ( အာမခံထားငွေကို တစ်လုံးတည်းရရှိနိုင်ခြင်း)
  • ထာဝစဉ်မစွမ်းမသန် အကျိုးခံစားခွင့် ( အာမခံထားငွေကို တစ်လုံးတည်းရရှိနိုင်ခြင်း)
  • ဒဏ်ရာရရှိမှုအကျိုးခံစားခွင့် (ဒဏ်ရာရရှိမှု အတွက် သတ်မှတ်ထားသော ရာခိုင်နှုန်းအရ ရရှိနိုင်ခြင်း)

စုပေါင်းအသက်အာမခံဆိုသည်မှာ အဘယ်နည်း။

စုပေါင်းအသက်အာမခံသည် အဖွဲ့အစည်းများရှိဝန်ထမ်းများ၊ အလုပ်သမားများအနေဖြင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှု များကြောင့် ဖြစ်ပေါ်လာမည့် မိသားစု စီးပွားရေးအခက်အခဲများကို ပြေလည်စေရန် အထောက်အပံ့ပေးသော အာမခံ အမျိုးအစားတစ်ခု ဖြစ်ပါသည်။

ပြည်သူပြည်သား အသက်အာမခံ

မတော်တဆမှုနှင့်တွေ့ကြုံလာပါက မည်သို့ဆောင်ရွက်ရမည်နည်း။

မတော်တဆမှုနှင့် တွေ့ကြုံလာပါက – ဧရာမြန်မာအာမခံအရေးပေါ်

(က) ဖုန်းနံပါတ် ၀၉-၄၉၃၀၅၂၂၄ သို့ချက်ချင်းအကြောင်းကြားရန်

(ခ)   အခင်းဖြစ်ရာနေရာသို့ ရောက်လာမည့် AMI ဝန်ထမ်းများ ၏

လမ်းညွှန်မှုအတိုင်းတိကျစွာ ဆောင်ရွက်ရပါမည်။

အသက်အာမခံဝယ်ယူခြင်းအတွက် အာမခံကြေးမည်မျှပေးရပါမည်နည်း။

အသက်အာမခံကြေးသည် အာမခံထားငွေ၊အာမခံထားသူ၏ အသက်တို့အပေါ်မူတည်ပါသည်။အာမခံကြေးပေးသွင်းရာတွင်လစဉ်၊သုံးလ၊ ခြောက်လ၊တစ်နှစ် စသည်ဖြင့် အရစ်ကျပေးသွင်းနိုင်ပါသည်။

မီးအာမခံ

မီးဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက မည်သို့ဆောင်ရွက်ရမည်နည်း။

၁။ စိတ်လှုပ်ရှားမှုကိုထိန်းကာ တည်ငြိမ်စွာဖြင့် ဧရာမြန်မာအာမခံအရေးပေါ် ဖုန်းနံပါတ် ၀၉-၄၉၃၀၅၂၂၄ သို့ ချက်ချင်းအကြောင်းကြားရန်နှင့်

၂။ ဓာတ်ပုံရိုက်နိုင်သော လက်ကိုင်ဖုန်းရှိလျှင် ဖြစ်ပျက်ပုံနှင့် အာမခံထားရှိသော ပစ္စည်း Properties များအား မှတ်တမ်းပုံများရိုက်ခြင်းကို နေအိမ်မှ မစွန့်ခွာမှီ ဆောင်ရွက်ပေးရန်လိုအပ်သလို

၃။ နယ်မြေမီးသတ်တပ်ဖွဲ့ သို့ အကြောင်းကြားရန်တို့ကို

၄။ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာမည့် AMI ဝန်ထမ်းများ၏ လမ်းညွှန်မှု အတိုင်းတိကျစွာ လိုက်နာဆောင် ရွက်ရပါမည်။

ထပ်မံဝယ်ယူနိုင်သော အပိုအကာအကွယ်များမှာ အဘယ်နည်း။

မီးအာမခံပေါ်လစီနှင့်အတူ အာမခံကြေးထပ်မံပေးဆောင်၍ ဝယ်ယူရရှိနိုင်သော အပိုအန္တရာယ်များကို လုပ်ငန်း သဘာဝနှင့် တည်ရှိပုံအနေအထား တို့အပေါ် မူတည်၍ လိုအပ်မည့် အကာအကွယ်များကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။

(၁) အဓိကရုဏ်းနှင့် မသမာ ဖျက်ဆီးမှု (၀.၀၆%)

(၂) လေယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း (၀.၁၀%)

(၃) ကုန်းလမ်းသွားယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း (၀.၁၀%)

(၄) မြေကျွံ၊ မြေပြိုခြင်း (၀.၁၀%)

(၅) မြေငလျင်မီးနှင့် ငလျင်လှုပ်ခြင်းကြောင့် ပြိုအက်ပျက်စီးမှု (၀.၁၀%)

(၆) ပေါက်ကွဲပျက်စီးမှု (၀.၁၀%)

(၇) ကုန်ပစ္စည်းသဘာဝအရ အလိုအလျောက်မီးစွဲလောင်ခြင်း (၀.၀၈%)

(၈) လေပြင်းမုန်တိုင်း (Cyclone, Typhoon, Hurricane) များ (၀.၂၀% နှင့် ၀.၂၅%)

(၉) ရေကြီးခြင်း၊ ရေလျှံခြင်း တို့ကြောင့် ပျက်စီးခြင်း (၀.၁၀%)

(၁၀) ဖောက်ထွင်းမှုကြောင့် ဆုံးရှံးမှု (၀.၂၅%)

(၁၁) စစ်ဘေးကြောင့် ဆုံးရှံးမှု (၀.၁၀%)

မီးအာမခံပေါ်လစီမှ ရရှိနိုင်မည့်အကာအကွယ်များမှာ အဘယ်နည်း။

အောက်ဖော်ပြပါအန္တရာယ်များကြောင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာပစ္စည်းများဆုံးရှုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ငွေကြေး ဆိုင်ရာဆုံးရှုံးမှုများကို မီးအာမခံပေါ်လစီမှ အကာအကွယ်ပေးပါသည်။

(၁) မီးလောင်မှုအမျိုးမျိုး

(၂) မိုးကြိုးပစ်၍လောင်သောမီး

(၃) အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် လောင်သောမီး

မည်သည့်အရာဝတ္တုများကို မီးအာမခံထားနိုင်ပါသနည်း။

  • ပုဂ္ဂလိကတစ်ဦးချင်းပိုင်ဆိုင်သည့်နေအိမ်နှင့်အလားတူအဆောက်အဦးများ
  • ငွေချေးယူရာတွင်အပေါင်တင်ရသည့် အဆောက်အဦးများ
  • စက်ရုံအလုပ်ရုံများရှိ သိုလှောင်ပစ္စည်းများ
  • အဆောက်အဦးနှင့်အတွင်းရှိ ရွေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ

မီးအာမခံကို မည်သူများ ဝယ်ယူနိုင်ပါသနည်း။

မီးအာမခံထားရှိမည့် အဆောက်အဦးနှင့် ဆက်စပ်ပစ္စည်းများကို တရားဝင်ပိုင်ဆိုင်ခွင့် ရှိသူသာ အာမခံထားခွင့် ရှိပါသည်။

မီးအာမခံပေါ်လစီ ဆိုသည်မှာ အဘယ်နည်း။

မီးအာမခံသည် ပိုင်ဆိုင်သောဥစ္စာပစ္စည်းများ မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲ ခြင်းများကြောင့် ပျက်စီးဆုံးရှံးခဲ့ပါက ထောက်ပံ့သည့် အာမခံအမျိုးအစားဖြစ်ပါသည်။

မီးအာမခံပေါ်လစီဝယ်ယူရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ

– အဆိုပြုလွှာ

– မီးဘေးအန္တရာယ်ကာကွယ်ရေးစီမံချက်

– အဆောက်အဦးတည်နေရာပြမြေပုံ

ရေကြောင်းကုန်ပစ္စည်းအာမခံ

အာမခံအကာအကွယ်ကို မည်သည့်အချိန်တွင် စတင်ရရှိနိုင်ပါသနည်း?

ဝယ်ယူမည့် အာမခံအမျိုးအစားတိုင်းအတွက် တစ်လုံးတည်း သွင်းရမည့် အာမခံကြေး Premium ကို စတင် ပေးသွင်းသော နေ့ရက်နှင့်အချိန် မှစ၍ အကာအကွယ်ရရှိပါမည်။

မတော်တဆမှုနှင့် ကြုံတွေ့လာပါက မည်သို့ဆောင်ရွက်ရပါမည်နည်း။

မတော်တဆမှုနှင့်တွေ့ကြုံလာပါက –

၁။ စိတ်လှုပ်ရှားမှုကိုထိန်းကာ တည်ငြိမ်စွာဖြင့် ဧရာမြန်မာအာမခံ အရေးပေါ်ဖုန်းနံပါတ် ၀၉-၄၉၃၀၅၂၂၄ သို့ ချက်ချင်းအကြောင်းကြားရန် နှင့်

၂။ AMI လျော်ကြေးဌာနသို့ တစ်ပြိုင်နက်တည်း အကြောင်းကြားရန်

၃။ အခင်းဖြစ်ပွားရာသို့ရောက်ရှိလာမည့် AMI ဝန်ထမ်းများ၏ လမ်းညွှန်မှုအတိုင်းတိကျစွာ လိုက်နာ ဆောင်ရွက်ရပါမည်။

ရေကြောင်းအာမခံဆိုတာ…?

ရေကြောင်းကုန်ပစ္စည်းအာမခံသည် ရေလမ်းဖြင့် သယ်ဆောင်မည့် ကုန်ပစ္စည်းများကို သင်္ဘောဖြင့် သယ်ဆောင်သည့်ဆိပ်ကမ်းမှ ခရီးဆုံးဆိပ်ကမ်းသို့ရောက်သည် အထိကာလအတွင်း သယ်ဆောင်သည့် ယာဉ်မတော်တဆမှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှံးမှုကို အထောက်အပံ့ပေးသည့် အာမခံဖြစ်ပါသည်။ ရေလမ်းသာမက ကုန်းလမ်းမော်တော်ယာဉ်ဖြင့် သယ်ဆောင်မည့် ကုန်ပစ္စည်းများကိုလည်း ကုန်းလမ်းကုန်စည် ပို့ဆောင်ရေး အာမခံအကာအကွယ်ပေးပါသည်။

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore