Premium Calculator

Vision And Mission

ဧရာမြန်မာ၏‘အနာဂတ်အမြင်’

အာမခံရပ်၀န်း၌  ဆက်နွယ်ပါ၀င်ပတ်သက်နေသည့်  မိတ်ဖက်တစ်ဦးချင်းစီနှင့်  အဖွဲ့အစည်းများ အတူတကွပူးပေါင်းကာ တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေးကဏ္ဍများ  ပိုမိုတိုးတက်ရေးကို ဆောင်ရွက်ရန်

ဧရာမြန်မာ၏‘ဦးတည်ချက်’

အာမခံရပ်၀န်း၌  ဦးဆောင်ကုမ္ပဏီကြီးတစ်ခု  ဖြစ်လာစေရန်၊ သို့အတွက်  ထိရောက်သောနည်းပညာပံ့ပိုးမှု၊နှစ်လိုဖွယ် အလုပ်လက်ခံမှုဆိုင်ရာ  ကျင့်ထုံး ၊ သာလွန်ကောင်းမွန်သော  ၀န်ဆောင်မှုများဖြင့်  ပြည်သူများ စိတ်တည်ငြိမ်အေးချမ်းဖွယ်ရာ  ဘ၀နေထိုင်မှုပုံစံ ရရှိရေးကို ဦးတည်ဆောင်ရွက်ရန်

Corporate Values

ဧရာမြန်မာ၏‘တန်ဖိုးထားမှု’

အဖွဲ့အစည်း၏ အနာဂတ်အမြင်နှင့် ဦးတည်ချက်များ ရောက်ရှိအောင်မြင်စေရေးအတွက် လမ်းပြဆောင်ရွက်ရာတွင်မိတ်ဆွေများ၊ ယုံကြည်မှုတူရာစုဖွဲ့နေထိုင်သောအသိုက်အ၀န်း၊အစုရှယ်ယာရှင်များနှင့် အာမခံလုပ်ငန်းတွင်လုပ်ကိုင်ဆောင်ရွက်နေသူများ၊ဆက်စပ်လုပ်ကိုင်နေသူများအတွက်ကောင်းမြတ်သောအကျိုးတရားများရရှိအောင်ဖော်ဆောင်ရာတွင်ယုံကြည်ထိုက်ခြင်း၊ ငွေကြေးအင်အားခိုင်မာတောင့်တင်းခြင်း၊လျှို့ှက်ချက်များကိုထိန်းသိမ်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ငွေကြေးအင်အားခိုင်မာတောင့်တင်းခြင်း၊ကတိတည်ကြည်ခြင်းစသည့်တန်ဘိုးများကိုအလေးထား၍ ကြိုးစားဆောင်ရွက်သွားပါမည်။

ဧရာမြန်မာအား‘ယုံကြည်အားထားရာ’

မရေရာသော မနက်ဖြန်များစွာအတွင်း ကျရောက်လာနိုင်သော ဘေးအန္တရာယ်များကြောင့် ဖြစ်လာနိုင်မည့်ငွေကြေးဆိုင်ရာ သောကဝေဒနာများမှ  ကင်းဝေးစေရာ  သင့်ဘဝအတွက် အားထားစရာကား  ဧရာမြန်မာသာလျှင် ဖြစ်ပါသည်။

ဧရာမြန်မာ၏‘ဖန်တီးမှု’

အာမခံအမျိုးအစား အမယ်သစ်များ  စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက်  တီထွင်ဖန်တီး၍ အပတ်တကုတ် ကြိုးစားဆောင်ရွက်မည်မှာ ဧရာမြန်မာသာဖြစ်ပါသည်။

ဧရာမြန်မာ၏‘မိတ်ဆွေများသို့အခြေပြုဆောင်ရွက်မှု’

မိတ်ဆွေများ၏ လိုအပ်ချက်၊  လိုအင်ဆန္ဒများကို  အခြေပြု၍ ပြည့်ဝအောင်  ဖြည့်ဆည်းဆောင်ရွက်ရာတွင် ထိရောက်သော ဖြေရှင်းမှုများကို  နည်းပညာအခြေပြု၍  လွယ်ကူရှင်းစွာ  ဆောင်ရွက်ပေးပါမည်။

ဧရာမြန်မာ၏‘ကျင့်ဝတ်’

အဖွဲ့အစည်းဆိုင်ရာအပြုအမှုများ၊ ဝန်ဆောင်မှုများဖြည့်ဆည်းပေးရာတွင် ရိုးသား၊ ကြိုးစား၊ မျှတခြင်းစသည့်ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျင့်ဝတ်များလွှမ်းခြုံလျက် ပြည်သူတစ်ဦးချင်းနှင့်ပါဝင် ပတ်သက်သူအားလုံးကို

  • အနှောင်အဖွဲ့ကင်းလွတ်စွာ ရွေးချယ်နိုင်မည့် မူဝါဒ
  • စာချုပ်ပါ အခွင့်အရေးနှင့် စည်းကမ်းချက်များ
  • မိမိတို့၏အဖွဲ့အစည်း အခြေအနေ
  • မိမိတို့ဦးတည်ဆောင်ရွက်မည့် လမ်းကြောင်း
  • မိမိတို့နှင့် ထိတွေ့ ဆောင်ရွက်ခြင်းဖြင့်

ရရှိလာမည့် အလုပ်အကိုင်အခွင့်အလမ်းနှင့် အကျိုးတရားစသည့် ထိန်းသိမ်းစောင့်ရှောက် လျှို့ဝှက်ထားရမည့် အချက်များကို  တပြေးညီ လက်ခံဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

 

Download IOS Mobile Application
Download Android Application
Download Android Application from PlayStore